Friday, December 4, 2009 - 0 comments

လင်းလက်တဲ့ ချစ်မီးအိမ်

မိဘနှစ်ပါးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတတ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးကို ငယ်ငယ်လေးတည်းက သူလေးစားအားကျခဲ့တယ်။ အဖေက သူတို့မြို့မှာ နာမည်ကြီးပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီပြပွဲတွေ ကြိမ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသူဖြစ်တယ်။ အမေ့အပေါ် အသေးအဖွဲ့ကအစ ဂရုစိုက်တတ်တဲ့အဖေရဲ့ ချစ်ခင်မြတ်နိုးမှုကို သူနှိုင်းမပြတတ်ခဲ့ဘူး။ အဖေ့လိုမြင့်မြတ်တဲ့ ယောက်ျားတစ်ဦးရဲ့ ချစ်ခြင်းကိုပိုင်ဆိုင်ထားရလို့ အမေကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးလို့ သူမကြာခဏ တွေးထင်မိတယ်။

Friday, November 20, 2009 - 0 comments

အမေ

“ချမ်းလိုက်တာ…..”
ခမောက် အမိုးထဲကို ၀င်နိုင်သမျှ ၀င်အောင် ကိုယ်ကိုကျုံ့ ၀င်ရင်း ညီးတွားမိပါတယ်…
အဝေးကကြည့်ရင် လူကိုတွေ့၇မယ် မထင်ပါ ခမောက် အကြီးကြီး
တစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲ
ဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲ
ဖြတ်ကျော်ခဲ့ပါတယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…ကျနော့်ခြေထောက်တွေ လဲ
အေးစက်နေပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။ ကျနော့် အမေ
နေမကောင်း ဖြစ်တာ တပါတ်လောက်ရှိပါပြီ အခုမှ အဖျား ပျောက်ကာစဆိုတော့
အားနည်နေပါတယ် .. အမေ့ကို ငါးဟင်းစွတ်ပြုတ်လေး ပြုတ်တိုက်ချင်လို့
မိုးရွာကြီးထဲမှာ ကျနော် ငါးထွက်မျှားနေတာပါ…။
Thursday, October 29, 2009 - 0 comments

စိတ်ပျော်စရာလေးတစ်ခုပါ

ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့
စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း
ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။

ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက်
ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို
့ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ
အဖြစ်ပြောင်းလဲနေပါပြီ။

ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ
့ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက်
ချိုချဉ်သကြားလုံးကို တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ
့ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့
ကျွန်မခံစားချက်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ
့ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ
ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ
အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။

Friday, October 16, 2009 - 0 comments

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

အောက်ကစာက အင်္ဂလန်နိုင်ငံ Westminsterမှာ မြေမြှုလ်သဂြိင်္ုဟ်ထားတဲ့ အင်္ဂလန် ခရစ်ယာန်အသင်းရဲ့ အကြီးအကဲအုတ်ဂူမှာ ရေးထိုးထားတဲ့စာဖြစ်ပါတယ်။ စာက အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်တော်ငယ်ရွယ်စဉ်က ကျန်းမာသန်စွမ်းပြီး ရည်ရွယ်ချက်ကြီးမားသူဖြစ်တယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ စာပေဗဟုသုတတွေ တိုးလာတာနဲ့အညီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကျွန်တော်မစွမ်းနိုင်ဘူးဆိုတာကို သိလာခဲ့တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင် နိုင်ငံကိုပြောင်းလဲမယ်ဆိုပြီး ကျွန်တော့်အိပ်မက်ကို ကျွန်တော်ချုံ့လိုက်တယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်ကလည်း ကြီးလွန်းခဲ့ပြန်တယ်။

Wednesday, September 30, 2009 - 0 comments

ဘ၀ကိုအရှုံးမပေးပဲရင်ဆိုင်အနိုင်ယူသူ

ဘ၀ကိုအရှုံးမပေးပဲရင်ဆိုင်အနိုင်ယူသူ
မွေးကတည်းကခြေထောက်နှင်.လက်များပါမလာခဲ.သောသြစတေးလျနိုင်ငံဖွားအမေရိကန်
နိုင်ငံတွင်နေထိုင်သူတစ်ယောက်သည်သူ၏မွေးရာပါချွတ်ယွင်းမှုကြောင်.ဘ၀ကိုအရှုံးမပေးပဲကြံ.ခိုင်
သောစိတ်ဓါတ်ဖြင်.ကြိုးစားအားထုတ်ခဲ.မှုကြောင်.ယနေ.အသက် ၂၆ နှစ်အရွယ်တွင်လက်
ခြေများမရှိလင်.ကစားသူ.အနေဖြင်.ဘောလုံးကစားနိုင်၊ဂေါက်သီးရိုက်နိုင်၊ရေကူးနိုင်၊ရေလွှာ
လျှောစီးနိုင်ပြီဖြစ်သည်။

Nick ငယ်စဉ်က...
Nick at school as a ten-year-old child. His parents decided not to send him to a special school - a decision he said was very hard for him, but which may have been the best decision they could have made for him
Friday, September 25, 2009 - 0 comments

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။

Friday, September 18, 2009 - 0 comments

အောင်စိတ်ဖြင့်ထူးချွန်စွာ..

ဆီးနှင်းမုန်တိုင်းကျနေစဉ် လူတစ်ယောက် မုန်တိုင်းထဲမှာ ရောက်နေသည်။ ဖြူဖွေးသော
နှင်းဖတ်များ လမ်းပေါ်သို့ ထူထပ်စွာကျနေသည်။ အေးလွန်းသော လေပြင်းကလည်း အရိုး ကွဲမတတ်တိုက်ခတ်နေသည်။ အိမ်တိုင်း အိမ်တိုင်းတံခါးများကိုလေမတိုး နှင်းမ၀င် နိုင်အောင် အခိုင်အမာပိတ်ထားကြသည်။ မုန်တိုင်းမိနေသူမှာ တစ်အိမ်ဝင်အိမ်တွင် ၀င်ရောက်နားခိုခွင့် မရလျှင် နှင်းမုန်တိုင်းထဲမှာ သွေးခဲ၍သေလိမ့်မည်။

လူလေးမျိုး…

လူလေးမျိုးတဲ့.. ။ လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။
လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့
လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို
သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး
ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့..
အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး
ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး
လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ လူ(၄)မျိုးက ဘာတွေလဲဆိုတော့…

ဆရာတစ်ယောက်၏ ဆုံးမစကား

ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။
အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ
မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က
သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင်
လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု
ရှိပါတယ်။

ခင်မင်မှု သံမှိုများ

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

လူတော် လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

လူငယ်တစ်ယောက်(သို့) သားတစ်ယောက်ရဲ့ခံစားချက်…

တစ်ခါတစ်လေ ဘဝကြီးဟာ ရယ်စရာကောင်းတယ်….
လမ်းလျှောက်နေပေမယ့် ချော်လဲကျတတ်တယ်….
ချော်ကျလို့ ကြိုးစားထပေမယ့် တွန်းချတဲ့လူတွေကြောင့် ပြုတ်ကျရပြန်တယ်…
တစ်ခါတစ်လေ ပြန်ထဖို့တောင် ကြောက်နေပြီ….
ထခါနီးမှာ တွန်းချခံရတဲ့အခါ မြင်ရတာက မှောင်မည်းတဲ့ ချောက်ကြီးပဲ….
ကြောက်စရာအပြုံးတွေနဲ့ ပြုံးပြပြီး ငါ့ကိုကြိုဆိုနေကြတယ်…
ငါ ထချင်တယ်… ဒါပေမယ့် ငါ့ခြေထောက်တွေ မထနိုင်တော့ဘူး…
အကြိမ်ကြိမ်ပြုတ်ကျခဲ့လို့ပါ…
ထချင်ပေမယ့်… ဆွဲတင်မယ့်လူတွေ မရှိဘူး….
ဒါပေမယ့် တွန်းချမယ့်သူတွေကတော့ ဝိုင်းနေလို့ပေါ့….

Friday, September 11, 2009 - 0 comments

ဖေမြင့် နှလုံးသား အာဟာရ(2)

မြို့ ကြီးတစ်မြို့ ၏ အ၀င်ဝအနီးသို့ ခရီးသွားတစ်ဦးဆိုက်ရောက်လာသည်။
မြို့ ထဲမ၀င်မီ လမ်းဘေး၌ ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို သူမေးသည်။
'ဒီမြို့ ကလူတွေ ဘယ်လိုစိတ်ထားရှိသလဲဗျ'
အမျိုးသမီး က ပြန်မေးသည် 'ရှင်ထွက်လာတဲ့ မြို့ ကလူတွေကော ဘယ်လိုသဘောမျိုး
ရှိကြသလဲ'
'ဆိုးပဗျာ အင်မတန်ကောက်ကျစ်ယုတ်မာတဲ့သူတွေ၊ လုံးဝမယုံကြည်ရတဲ့သူတွေ၊
ကောင်းကွက်ကို တစက်ကလေးမှမရှိတဲ့သူတွေ " ဟုမဲ့မဲ့ရွဲ့ ရွဲ့  ပြန်ဖြေလေသည်။

ထိုအခါ အမျိုးသမီးက "ဒီမြို့ ထဲကလူတွေလဲ အဲဒီပုံစံအတိုင်းဘဲမြင်ရမှာပါ'
ဟုဖြေလိုက်သည်။ များမကြာမီ နောက်ခရီးသည်တစ်ယောက်မြို့ နားရောက်လာပြန်ကာ
အမျိုးသမီးအားမေးပြန်သည်။
ဒီိအခါအမျိုးသမီးက ပထမခရီးသည်တုန်းကအတိုင်း မေးပြန်သည်။
ထိုအခါ ' အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊
သူမတူအောင်ရက်ရောတယ်၊အဲဒီကထွက်လာရတာစိတ်မကောင်းဘူး' ဟု ပြန်ပြောလေသည်။

ထိုအခါ ပညာရှိအမျိုးသမီး ပြန်ဖြေလိုက်သည်မှာ
' ရှေ့ က မြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေဘဲ ရှင်တွေ
့ရမှာပါ'ဟုပြန်ဖြေလိုက်သည်။

ဖေမြင့် ရဲ့ နှလုံးသား အာဟာရ ရသစာများ(2)
- 0 comments

မောင်လှမျိုး (ချင်းချောင်းခြံ)

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနည်းမှုတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ကြည့်စမ်းပါဦး
မင်းနဲ့ ခွဲခွာရမယ်ဆိုတဲ့အသိက
ရင်မချိအောင်ခံစားရပုံများ
ဘာစကားမှ ပြောမထွက်ခဲ့ဘူး
အိမ်မက်ထဲမှာ
တွေ့ဖို့မဆိုထားနဲ့
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်းက ခုန်ဖို့အတွက်
မမြဲနိုးထနေပါတယ်
မင်းကိုနှုတ်ဆက်ဖို့
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ရစ်ဖို့
ငါ့မျက်လုံးတွေေ၀၀ါးနေရပြီ
အဲဒါ. . .
မျက်ရည်တွေလားဟင် !

မောင်လှမျိုး (ချင်းချောင်းခြံ)
Thursday, September 10, 2009 - 0 comments

မောင်လှမျိုး( ချင်းချောင်းခြံ )

ကိုယ်ကြောင့် သူတစ်ဖက်သားမှာထိခိုက်သွားမှာလား ဆိုတာလေးကို ငဲ့ညှာတဲ့ စိတ်နဲ့ စဉ်းစား တတ်တဲ့ သူဟာ သူ့ ကိုယ်သူ လေးစားမှုပိုရှိမှာပဲ… အဲသလို ငဲ့ညှာမှု ငဲ့ညှာတတ်တယ်လို့  ပတ်ဝန်းကျင်က သိရင်လည်း သူ့ ကိုလေးစားကြမှာပဲ … ဆုံးရှုံးလက်စနဲ့ ဆုံးရှုံးပါစေဆိုပြီး မျှောပစ်လိုက်မယ့်အစား ဆုံးရှုံးတာဟာ အင်အားတစ်ခုလို့  သတ်မှတ်ပြီး တိုးတက်မှုကို ရှာစေချင်တယ် ၊ အရာရာမပြည့်စုံရင် တစ်ခုခုတော့  ပြည့်စုံရမှာပေါ့  …

မောင်လှမျိုး( ချင်းချောင်းခြံ )

- 0 comments

မောင်လှမျိုး (ချင်းချောင်းခြံ)

မျိုသိပ်ပါများလို့
အ သွားရတဲ့ လူတစ်ယောက်ပါ
အိပ်ယာဝင်ဖို့ သတိရပေမယ့်
အိမ်မက်ဒဏ် မခံနိုင်လို့
အအိပ်ပျက်ခဲ့ရတဲ့ လူတစ်ယောက်ပါ
ချစ်ဖို့ကိုမဆိုထားနဲ့
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းပစ်ချင်တဲ့
ခပ်ညစ်ညစ် လူယောက်ပါ
မချစ်လို့ တော့မဟုတ်ပါဘူး
ချစ်ပြီးမှာ ခွဲရမယ့် ဒဏ်မခံနိုင်လို့
သံစဉ်တွေ ရှိရဲ့နဲ့
ဂီတာကို ရိုက်ချိုးမိတဲ့
မပ်မိုက်မိုက် လူတစ်ယောက်ပါ
နောက်တော့မှ
ချစ်တယ်လို့ပြောမယ်
လောလေဆယ် စံပါယ်တစ်ပွင့်ပေး။ ။


မောင်လှမျိုး (ချင်းချောင်းခြံ)

သတ္တိလိုတယ်၊ ၁၀၀%.

ဟေး သူငယ်ချင်း..
စိတ်ပျက်မနေနဲ့။ ငိုညည်းမနေနဲ့။
ရယ်မောလိုက်စမ်းပါ။

လုပ်စရာရှိတာ လုပ်နိုင်ဖို့လိုရင်းပဲ။
လူငယ်ဆိုတာ ကြိုးစားသူ အောင်မြင်တာပဲ။
စိတ်ပျက်စရာရှိရင် မင်းဘေးမှာ
(မင်းသူငယ်ချင်းအဖြစ်) အမြဲရှိမယ်။
စိတ်ညစ်စရာများ အိမ်မက်ထဲတောင်သယ်မသွားနဲ့။
ရင်ကော့လို့ နေသွားစမ်းပါ ။

Tuesday, September 8, 2009 - 0 comments

When u r father...

Don't Give up

တစ်ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ
ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး
မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး
မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

goodbye ဆိုတာ ...

ဒ်ီပွဲမှာ ကျွန်တော်ရှုံးတယ်လို့၊
ဘယ်သူဆုံးဖြတ်တာလဲ။
မေမေ့ကို ပြောပေးပါ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တာပါလို့၊
သူတို့နားလည်အောင်က ကျွန်တော်မပြောတတ်ပေမဲ့၊
ကျွန်တော်မရှုံးခဲ့ဘူး ဆိုတာ မေမေနားလည်ပေးမှာပါ။


ကျွန်တော် မရှုံးပါဘူး။
ကျွန်တော့်အတွက် မျက်ရည်မကျပါနဲ့ မေမေ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။
စကားလုံးတွေကို ကျွန်တော်ထုတ်မပြောတတ်လည်း၊
ဒီနေ့ ပြီးဆုံးခြင်းဟာ မနက်ဖြန်ကို ကြိုဆိုခြင်းဆိုတာ၊
မေမေတို့နားလည်ပေးနေမယ်လို့ မျှော်လင့်ပါတယ်။


ဒီနေ့ရဲ့goodbye ဆိုတာ
မနက်ဖြန်ရဲ့ နေရောင်ခြည်ပါ။
ကျွန်တော့်ကို
နောက်တကြိမ် အခွင့်အရေး သူတို့ပေးရဦးမှာပါ မေမေ

Ref: forwarding Email
Friday, July 31, 2009 - 0 comments

သမိုင်းဝင်နေ့တစ်နေ့

ဖေဖေါ်ဝါရီလ(၁၃)ရက်။

ဗမာပြည်သူပြည်သားတွေတော်တော်များများ မေ့လျော့နေတဲ့ ''သမိုင်းဝင်နေ့တစ်နေ့'' ဖြစ်ပါတယ်။


ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့၊ အများပြည်သူရုံးပိတ်ရက်ဖြစ်လို့ သတိရတတ်ကြပါတယ်။

ဒါပေမဲ့ လူငယ်တော်တော်များများ အဲဒီနေ့ရဲ့ သမိုင်းရာဇ၀င်ကို ဂဃနဏ မသိကြတော့ပါဘူး။ ကျောင်းပိတ်လို့ ရုံးပိတ်လို့၊ အလုပ်နားလို့၊ ပြည်ထောင်စုနေ့(ပိတ်ရက်) အဖြစ်ပဲသိကြပါတယ်။

တစ်ရက်ခြားပြီးတော့ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကို တော့ လူငယ်တွေအားလုံးနီးပါးသိကြပါတယ်။

Monday, June 8, 2009 - 0 comments

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။

ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

Friday, June 5, 2009 - 0 comments

နောက်ဆုံး

အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့
ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။
Friday, May 15, 2009 - 0 comments

ဆင်းရဲသားတွေ “ဘာ” လိုသလဲ

ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။

============

ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။

သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား

Dale Carnegie ၏ ပုံပြင်များ

(၁)တစ်ခါက ဖခင်တစ်ဦးသည် အသက် (၁၅.၁၆)နှစ် ရှိနေပြီဖြစ်သော သားကို ယောက်ျားမပီသဟု ထင်ကာ အားမလို အားမရ ဖြစ်နေသည်။ သားကိုယောက်ျား ပီသစေလို၍ ဆရာတစ်ဦးထံတွင် သွားရောက် အပ်နှံခဲ့သည်။ ဆရာက“ခင်ဗျားသားကို ကျုပ်ဆီမှာ အပ်နှံထားတဲ့ ၃လ အတွင်းမှာ သူ့ကို ခင်ဗျား လုံးဝ လာမတွေ့ရဘူး။ သူ့ကို ၃လ အတွင်း ယောက်ျား ပီသအောင် ကျွန်တော် လေ့ကျင့်ပေးမယ်” ဟုပြောခဲ့သည်။
၃လ လွန်သောအခါ ဆရာက ကရာတေးပြိုင်ပွဲ တစ်ခု ကျင်းပပေးပြီး ဖခင်ဖြစ်သူအား လာရောက် ကြည့်ရှုစေခဲ့သည်။ သားနှင့်အတူ ယှဉ်ပြိုင်သူမှာ နည်းပြဆရာဖြစ်ပြီး ဆရာက စတင် တိုက်ခိုက်သည်နှင့် သားမှာ တဘိုင်းဘိုင်း လဲကျနေတော့သည်။ သို့သော်သူသည် လဲကျရမှာ ချက်ချင်းပြန်ထပြီး ပြန်လည် တိုက်ခိုက်ရန် အသင့်အနေအထားကို ပြင်ထားလိုက်သည်။ သို့နှင့် ကြိမ်ဖန်များစွာ လဲကျလိုက် ပြန်ထလိုက်နှင့် သားဖြစ်သူကို တွေ့သောအခါ ဆရာက ဖခင်အား...“ခင်ဗျားသား ယောက်ျားပီသဖို့ လိုသေးလား” ဟု မေးလိုက်သည်။

Thursday, May 7, 2009 - 0 comments

လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”

ခေါင်းဆောင်ကောင်းတစ်ဦး


ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။

ရိုးရိုးကျင့် မြင့်မြင့်ကြံ

၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ရောက်ကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။ စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေ မရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”


ဝန်ကြီး လီကွမ်ရောက်က စာဖတ်ပြီး ဒေါသထတော့တယ်။
နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။
“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား...နေရောင်ခြည်... နေရောင်ခြည်သာ ရှိရင် ငါတို့ လုံလောက်ပြီ”

နာမည်ကြီး တံဆိပ်

လူတစ်ယောက်အတွက် ဘယ်အရာက အသုံးလှပြီး အကြည့်ခံတဲ့ နာမည်ကြီး တံဆိပ်လဲ?
နာမည်ကြီး Chanel ရဲ့အင်္ကျီလား? Pierre Cardin ရဲ့ဘောင်းဘီလား? Gucci ရဲ့ဝီစကုတ်လား? Hermes ရဲ့ မာဖလာလား? Fendi ရဲ့ ဖိနပ်လား...?

ဒီပုံပြင်ကို လူတိုင်းကြားဖူးမှာပါ။
တစ်ခါက အမေရိကန်သမတ္တ လင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာထမ်း ဆောင်မယ့် လူတစ်ဦးကို အင်တာဗျူးခဲ့တယ်။ အင်တာဗျူးပြီး အလုပ် မခန့်ခဲ့ပါဘူး။ လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ်။ မေးတဲ့လူက “ မွေးရာပါ ရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ်။ လင်ကွန်းက “ အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ မိဘတွေကပေးခဲ့တာ... အနှစ်(၄၀)နောက်ပိုင်းရဲ့ ရုပ်ရည်ဟာ ကိုယ့်ကိုယ်တိုင်က ပေးတာ... လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရှည်ကို ကိုယ်တာဝန်ယူနိုင်ရမယ်”

သုည

ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့ စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်။


အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးအ၀င်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ မြေကြီးဆန်တယ်။


အိပြောတဲ့ မင်းခိုက်စိုးစန် ပုံပြင်

အောင်အောင်ရေ
အခု မင်းခိုက်စိုးစန် ပြောပြမယ်။ နေပျော်တဲ့ဘ၀ဆိုတာ ဘာလဲလို့မေးထားတယ်။
အဲဒီဘ၀ကိုရောက်ဖို့ နေရာတစ်နေရာကနေ တစ်နေ၇ာကို စွန့်စားပြီးသွားရမယ်
ဆိုရင် သွားမလား၊ မသွားဖူးလားတဲ့။ အခုလက်ရှိဘ၀မှာဘဲ
နေပျော်အောင်နေမလားတဲ့။ အိခဏခဏပြောဖူးတယ်လေ။ ဘယ်လိုနေ၇ာ၊
ဘယ်လိုအခြေအနေနဲ့ နေရင် နေပျော်မလဲလို့လေ။
သူ့စာထဲမှာ သူငယ်ချင်းသုံးယောက်ရှိတယ်တဲ့။ တစ်ယောက်က ရေထမ်းရောင်းတယ်။
တစ်ယောက်က ဓာတ်ဆီရောင်းတယ်။ တစ်ယောက်ကထော်လာဂျီပိုင်တယ်။
- 0 comments

သားချစ်

သားချစ်
မင်းကြိမ်လုံးယူလာ
ဒီမှာ ဒူးထောက်မတ်တပ်ရပ်စမ်း
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့


ငါတို့အမျိုးတွေပြောတယ်
မဟုတ်ဘူး
ငါဒီလိုမလုပ်နိုင်ဘူး

လူဆိုတာ
ရတနာပဲ
ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ
ငါ့အတွက် ရတနာပဲ

- 0 comments

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့
မေ့သွားရင်လည်း
အကောင်းသား
မမေ့မမုန်း
တစ်နေ့လုံး....သူ
စိတ်ကိုယူငင်
ရင်တွယ်ရစ်ဖွဲ့ နှောင်တွယ်နွဲ့ပြို
အလွမ်းဆုံး .....မြစ်
လှော်ရင်းနစ်ပြီ
မပျော်နေ့ည
မေ့မရလို့
တွေ့ကြတဲ့အခါ
သူမြင်သာအောင်
ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား၊ နှလုံးသားမှ
မျက်ရည်များဖြင့်
ပြချင်တယ်။

မောင်လှမျိုး (ချင်းချောင်းခြံ)
- 0 comments

မောင်လှမျိုး (ခြင်းချောင်းခြံ)

ရင်ထဲမှာ....
ဘာမှမခံစားရအောင်နေရတာဟာ
ခံစားနေရတာထက် ဆိုးတယ်
မျိုသိပ်ထားတာထက် ဆိုးတယ်
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
ဘ၀ဆိုတာ....
အချစ်ရဲ့
လက်ပါးစေလားကွယ်
အချစ်သီဆိုရာသီချင်း
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ။
Monday, May 4, 2009 - 0 comments

ဒေါသနဲအောင်နေနည်း

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်းတရားတော်

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

* သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။


* သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

အောင်ဆန်းပေးတဲ့မြန်မာပြည်

(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

Monday, April 27, 2009 - 0 comments

ဘဝ

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့်
ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို
ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့
ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။
ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့
မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့
ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက
ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့
အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ
အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ
တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့
နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း
ကျွန်တော့်ကို ပြောပြတယ်။

နေရာ

တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။ ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင် နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင် နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏ နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

စိတ်ကျင်စဉ်

တုန်ခါမှုလှိုင်းတွေရဲ့ စွမ်းအား ကို သိအောင်လက်တွေ့ ပြပါ့မယ်။
မိတ်ဆွေ ဂစ်တာ သို့  ပီယာ နို ပေါ်မှာ
F# အက်ဖ်ရှပ် ကီး ကိုတီးကြည့်ပါ ထွက်ပေါ်လာတဲ့အသံ နှုန်းဟာ အနီရောင် ရင့်ရင့် တောင်တောင်ပြောင်ပြောင် ကနေထွက်တဲ့  heartz လူပ်ရှားမူ နဲ့ထပ်တူဖြစ်ပါတယ်
အဲဒီ အရောင်ဟာ လူတွေရဲ့ စိတ်ကို အကြီးအကျယ်လူပ်ရှားစေတယ်တက်ကြွစေတယ်
အရေးပေါ် ကား မောင်းလာရင် ဆွဲတဲ့ သြ ဆွဲသံမျိုး နဲ့တော်တော်လေးကိုဆင်ပါတယ်။

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

ယခုဘ၀ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘ၀ဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ....


မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ....
- မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
- လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
- မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
- မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

ဘဝကိုဖြတ်သန်းရာဝယ်

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကိုမြင်းနဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာများနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန်စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း
မရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေပင်ပန်းနွမ်းနယ်နေချိန်တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ
အများဆုံးကာမိအောင်ပါ။

အမေကိုချစ်နိုင်ကြပါစေ

မိဘများကိုအသက်ထက်ဆုံးချစ်ခင်လုပ်ကျွေးနိုင်ကြပါစေ။
(ref: forwarding mail)


ဒီနေ့တော့ ကိုရီးယား ဆိုက်များကို လိုက်လံ ဖတ်ရှုရာမှ သဘောကျမိသော
ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမှာရှိတဲ့
အမေတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ........
>
>
>
>
>
> "သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "
>

အဝေးရောက် သားသမီးများ

နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက
စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး
အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့
အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ
ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး
ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။

မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ
ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့
အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊
အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊
သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။
လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ်ကြာရင်တော့ သူတို့ ပြန်လာမယ်လို့
ပါပါတယ်။

Wednesday, April 15, 2009 - 0 comments

အောင်ဆန်း(သို့) အရိုင်း


( ၁ )
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာ ၀ါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက်နှင့်လည်း တူ၏။
Friday, April 3, 2009 - 0 comments

မှန်တင်ခုံ

မကျေနပ်ဘူး ..လို့
ပြောနေရုံနဲ့
ကျေနပ်စရာ ကောင်းလာမှာ မဟုတ်ဘူး။
ကိုယ် ..ကိုယ်တိုင်က
ချိုမိုင်မိုင်လောက် က,တတ်ပြီး
ထိုင်ရာက, မထ
တစ်လက်မ, လောက်သာ
မြင်နေတာလား
စဉ်းစား။
မိုင်ပေါင်းများစွာ တွေးမြင်ရင်
မိုင်ပေါင်းများစွာ ထ, လျှောက်
လမ်းဘေးက
ပန်းဆွေးတွေကို ထားခဲ့။
ညံ့တဲ့သူတွေ
ညံ့တဲ့နေရာမှာ .. နေ
တော်ချင်တဲ့ သူတွေ
တော်မဲ့နေရာကို ..သွား
ရှေ့ကို ရောက်တဲ့အခါ
နောက်မှာ ကျန်ခဲ့တဲ့
မကျေနပ်စရာတွေ ....
သူ့အလိုလို သေသွားလိမ့်မယ်။
မကျေနပ်ဘူး ..လို့
အော်ပြောနေရုံနဲ့
ကျေနပ်စရာ ဖြစ်လာမှာမှ မဟုတ်ဘဲ။
ကိုယ်, တော်ရင် ...
ဘယ်အရာမဆို ကျော်နိုင်ရမယ်။

မောင်လှမျိုး(ခြင်ချောင်းခြံ)
Monday, March 16, 2009 - 0 comments

နှေးကွေးပါစေ

အရှုံးနဲ့ ရင်ဆိုင်ခဲ့သူကို သူ့နောက်ကျောကြည့်ရုံနဲ့တင် သိနိုင်သလို
အောင်မြင်တဲ့သူကို သူ့ခြေသံ နားထောင်ရုံနဲ့တင် သိနိုင်သတဲ့။
အောင်မြင်ချိန်မှာ ထောင်လွှားမောက်မာတဲ့ စကားမပြောပါနဲ့၊
ရှုံးနိမ့်ချိန်မှာ ဒေါသမာန်ထတဲ့ စကားမပြောပါနဲ့။

ဆရာတစ်ဦးက နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်သလို ကွန်ပြူတာကိုလည်း
မသုံးတတ်ခဲ့ဘူး။ ဆရာ အသက်(၅ဝ)ရောက်တော့ သူသင်တဲ့ကျောင်းမှာ
ကွန်ပြူတာတပ်ဆင်ပြီး ကျောင်းသားတွေရဲ့ ရမှတ်၊ ကိုယ်ရေးရာဇဝင်တွေကို
ကွန်ပြူတာထဲ ရိုက်ထည့်ပြီး ဖိုင်သိမ်းထားရမယ့် စနစ်ကို စခဲ့တယ်။

အသက်ကြီးပြီး ကွန်ပြူတာကို နကန်းတစ်လုံးမှ နားမလည်တဲ့ ဆရာက ဒီကိစ္စအတွက်
စိတ်ဖိစီးမှုတွေ ရခဲ့တယ်။ ကျောင်းသားတွေကိုလည်း သူဟာ ကွန်ပြူတာနဲ့
မအပ်စပ်သူလို့ ပြောခဲ့တယ်။ ဆရာ့အဖြစ်ကို နားလည်တဲ့ ကျောင်းသားတွေက
ကွန်ပြူတာ ကျွမ်းကျင်သူတွေကို ရှာပြီး ဆရာကိုကူညီဖို့ ပြောခဲ့တယ်။

ပိုလာဝက်ဝံပုံပြင်နှင့်လင်းယုန်ပုံပြင်

ပိုလာဝက်ဝံပုံပြင်
မှတ်ချက်။ ။ကို luphone ဆီက ပိုလာဝက်ဝံပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
သူရေးထားတဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်နိုင်ပါတယ်။
==============================
============================================
ဘ၀တွေ.........ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး
တစ်ခုပါ.. အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း
သလဲဆိုတာ သူငယ်ချင်းတို့ သိကြလား.

အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့
ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့်
ပြီးထားကြတယ်..ဖျံသွေးတွေ အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို
ပိုလာဝက်ဝံတွေ နေတဲ့နေရာ မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့
အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့ ..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့
လျှာကိုဖြတ်မိတာ မသိကြပဲ ဆက်စားနေကြတယ်..ကြတော့
သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချိန်မှ အက်စကီးမိုးတွေ ကထွက်လာပြီး
ဝိုင်းသတ်ကြတာ..
Wednesday, March 11, 2009 - 0 comments

ပြောဖို့ ခက်ပါတယ်



တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့
ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို
မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး
အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။

Monday, March 9, 2009 - 0 comments

ထွေထွေဗဟူသုတ

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။