Friday, September 11, 2009 - 0 comments

ဖေမြင့် နှလုံးသား အာဟာရ(2)

မြို့ ကြီးတစ်မြို့ ၏ အ၀င်ဝအနီးသို့ ခရီးသွားတစ်ဦးဆိုက်ရောက်လာသည်။
မြို့ ထဲမ၀င်မီ လမ်းဘေး၌ ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို သူမေးသည်။
'ဒီမြို့ ကလူတွေ ဘယ်လိုစိတ်ထားရှိသလဲဗျ'
အမျိုးသမီး က ပြန်မေးသည် 'ရှင်ထွက်လာတဲ့ မြို့ ကလူတွေကော ဘယ်လိုသဘောမျိုး
ရှိကြသလဲ'
'ဆိုးပဗျာ အင်မတန်ကောက်ကျစ်ယုတ်မာတဲ့သူတွေ၊ လုံးဝမယုံကြည်ရတဲ့သူတွေ၊
ကောင်းကွက်ကို တစက်ကလေးမှမရှိတဲ့သူတွေ " ဟုမဲ့မဲ့ရွဲ့ ရွဲ့  ပြန်ဖြေလေသည်။

ထိုအခါ အမျိုးသမီးက "ဒီမြို့ ထဲကလူတွေလဲ အဲဒီပုံစံအတိုင်းဘဲမြင်ရမှာပါ'
ဟုဖြေလိုက်သည်။ များမကြာမီ နောက်ခရီးသည်တစ်ယောက်မြို့ နားရောက်လာပြန်ကာ
အမျိုးသမီးအားမေးပြန်သည်။
ဒီိအခါအမျိုးသမီးက ပထမခရီးသည်တုန်းကအတိုင်း မေးပြန်သည်။
ထိုအခါ ' အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊
သူမတူအောင်ရက်ရောတယ်၊အဲဒီကထွက်လာရတာစိတ်မကောင်းဘူး' ဟု ပြန်ပြောလေသည်။

ထိုအခါ ပညာရှိအမျိုးသမီး ပြန်ဖြေလိုက်သည်မှာ
' ရှေ့ က မြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေဘဲ ရှင်တွေ
့ရမှာပါ'ဟုပြန်ဖြေလိုက်သည်။

ဖေမြင့် ရဲ့ နှလုံးသား အာဟာရ ရသစာများ(2)

0 comments: