Tuesday, September 8, 2009 - 0 comments

goodbye ဆိုတာ ...

ဒ်ီပွဲမှာ ကျွန်တော်ရှုံးတယ်လို့၊
ဘယ်သူဆုံးဖြတ်တာလဲ။
မေမေ့ကို ပြောပေးပါ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တာပါလို့၊
သူတို့နားလည်အောင်က ကျွန်တော်မပြောတတ်ပေမဲ့၊
ကျွန်တော်မရှုံးခဲ့ဘူး ဆိုတာ မေမေနားလည်ပေးမှာပါ။


ကျွန်တော် မရှုံးပါဘူး။
ကျွန်တော့်အတွက် မျက်ရည်မကျပါနဲ့ မေမေ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။
စကားလုံးတွေကို ကျွန်တော်ထုတ်မပြောတတ်လည်း၊
ဒီနေ့ ပြီးဆုံးခြင်းဟာ မနက်ဖြန်ကို ကြိုဆိုခြင်းဆိုတာ၊
မေမေတို့နားလည်ပေးနေမယ်လို့ မျှော်လင့်ပါတယ်။


ဒီနေ့ရဲ့goodbye ဆိုတာ
မနက်ဖြန်ရဲ့ နေရောင်ခြည်ပါ။
ကျွန်တော့်ကို
နောက်တကြိမ် အခွင့်အရေး သူတို့ပေးရဦးမှာပါ မေမေ

Ref: forwarding Email

0 comments: