Thursday, May 7, 2009 - 0 comments

မောင်လှမျိုး (ခြင်းချောင်းခြံ)

ရင်ထဲမှာ....
ဘာမှမခံစားရအောင်နေရတာဟာ
ခံစားနေရတာထက် ဆိုးတယ်
မျိုသိပ်ထားတာထက် ဆိုးတယ်
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
ဘ၀ဆိုတာ....
အချစ်ရဲ့
လက်ပါးစေလားကွယ်
အချစ်သီဆိုရာသီချင်း
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ။

0 comments: