Thursday, May 7, 2009 - 0 comments

ရိုးရိုးကျင့် မြင့်မြင့်ကြံ

၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ရောက်ကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။ စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေ မရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”


ဝန်ကြီး လီကွမ်ရောက်က စာဖတ်ပြီး ဒေါသထတော့တယ်။
နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။
“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား...နေရောင်ခြည်... နေရောင်ခြည်သာ ရှိရင် ငါတို့ လုံလောက်ပြီ”



အဲဒီနောက် စင်ကာပူဟာ တစ်နှစ်ပတ်လုံး ရတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင် ပန်းမာလ်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ ပန်းဥယျာဉ် မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယ ကမ္ဘာလှည့်ခရီးသည် အများဆုံး နိုင်ငံဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။ နယူတန်ကို ပန်းသီးတစ်လုံးပဲ ပေးခဲ့တယ်။ ဒါတောင် သေချာပေးတာ မဟုတ်ဘဲ ပစ်ချပေးတာ။ ဒစ်စနီကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တယ်။ တရုတ်ပြည် ဆန်တုံနယ်က Qūfùဆိုတဲ့ မြို့ကို CONFUCIUS တစ်ယောက်ပဲ ပေးခဲ့တယ်။

ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီ ပေးခဲ့ပေမယ့် အသုံးပြုတတ်ရင်တော့ အဲဒီနည်းနည်းလေးဟာ အများကြီးလိုပါပဲ။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီး ကြောင့် ရူပဗေဒ ပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး...အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ် နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ CONFUCIUS ကို အသုံးပြုပြီး Qūfù ဟာ ခရီးသွားတွေ မဆဲတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ခဲ့တယ်။

သူက ဌေးလိုက်တာ...သူက လှလိုက်တာ..သူက တော်လိုက်တာ...ငါကျတော့ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကို ပေးတာ နည်းတယ် များတယ်လို့ ညည်းညူကြဖူးလား.... သူကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ.... ငါကျတော့ ခုံစုတ်တစ်လုံးပဲ ရတယ်လို့ မညည်းခင် လီကွမ်ရောက် စကားကို ပြန်စဉ်းစားမိရင်... အော်...ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်…..


နိုင်းနိုင်းစနေ

0 comments: