Friday, July 31, 2009 - 0 comments

သမိုင်းဝင်နေ့တစ်နေ့

ဖေဖေါ်ဝါရီလ(၁၃)ရက်။

ဗမာပြည်သူပြည်သားတွေတော်တော်များများ မေ့လျော့နေတဲ့ ''သမိုင်းဝင်နေ့တစ်နေ့'' ဖြစ်ပါတယ်။


ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့၊ အများပြည်သူရုံးပိတ်ရက်ဖြစ်လို့ သတိရတတ်ကြပါတယ်။

ဒါပေမဲ့ လူငယ်တော်တော်များများ အဲဒီနေ့ရဲ့ သမိုင်းရာဇ၀င်ကို ဂဃနဏ မသိကြတော့ပါဘူး။ ကျောင်းပိတ်လို့ ရုံးပိတ်လို့၊ အလုပ်နားလို့၊ ပြည်ထောင်စုနေ့(ပိတ်ရက်) အဖြစ်ပဲသိကြပါတယ်။

တစ်ရက်ခြားပြီးတော့ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ကို တော့ လူငယ်တွေအားလုံးနီးပါးသိကြပါတယ်။