Friday, October 8, 2010 - 0 comments

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

နန္ဒာသိန်းဇံ



နိဒါန်း
ဟိုးရှေးခေတ် ရွက်သဘောင်္ကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ခေတ်က တစ်နေ့မှာ . . ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘောကပ္ပတိန်က သင်္ဘောသား လူငယ်တစ်ဦးကို ရွက်တိုင်မကြီးပေါ်တက်ပြီး (ဖြုတ်ပစ်မှ ဖြစ်တော့မယ့်) ရွက်ကြိုးတစ်ခုကို ဖြုတ်ချုင်တယ်။ လေက သိပ်ထန်နေပေမယ့် သင်္ဘောသားလူငယ်ဟာရဲရဲဝံ့ဝံ့သွက်သွက်လက်လက်ပဲ ရွက်တိုင်မကြီးပေါ်ရောက်အောင် တက်သွားပြီး ရွက်ကြိုးကို ဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကို ငုံ့ကြည့်လိုက်တော့ . . . သင်္ဘောတစ်ခုလုံးဟာ ဒေါသထန်နေတဲ့လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရ လူးလိမ့်နေတာ မြင်ရတယ်။

ဒါကို အပေါ်စီးကနေ မြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ၊ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက် မေ့မြောသလို ဖြစ်သွားတယ်။ ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က သူ့သူငယ်ချင်းဆီ လှမ်းပြီး “ဟေ့ … ငါတော့ လိမ့်ကျတော့မယ်၊ လုပ်ပါအုံး” လို့ အော်ပြောတယ်။
ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့သူငယ်ချင်းက “အောက်ကို မကြည့်နဲ့ သူငယ်ချင်း ငုံ့ကြည့်မနေနဲ့၊ အပေါ်ကိုပဲကြည့်” လို့ တအားကုန် လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်းသတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ ဒီအခါမှာ အောက်က မူးဝေ ထိတ်လန့်စရာ မြင်ကွင်းတွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။ စိတ်ငြိမ်လာတယ်။ အားမာန်သတ္တိတွေလဲ ပြန်ဝင်လာတယ်။ ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိ ၀ီရိယထားဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။

Thursday, September 16, 2010 - 0 comments

ရေကန်ထဲကဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်.. ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..
Tuesday, September 14, 2010 - 0 comments

အနွယ်တော်

မင်းဘယ်သူလဲ
မသဲကွဲရင်
မင်းရင်ထဲကို ခွဲကြည့်ပါ။

မင်းရဲ့အသည်း
အရောင်မွဲရင်
အမှောင်ထဲက ထွက်ခဲ့ပါ။

မင်းရဲ့အသည်း
အရောင်လဲ့ကြည် ရဲရဲနီရင်...

မြန်မာပြည်ကို ချစ်လိုက်ပါ....။

မောင်လှမျိုး (ချင်းချောင်းခြံ)
Wednesday, June 2, 2010 - 0 comments

ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့တဲ့ ဆင်းရဲဒုက္ခ

Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။

"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။
ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို
ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့ အောင်မြင်မှုကိုရမှာဖြစ်တယ်။
သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တစ်ချို့သူဌေးသားတွေက
ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို
သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။
စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက
ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။
ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့
ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက်
အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ....... ဆင်းရဲတဲ့ မိသားစုက
ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့ အမွေကို
ဆက်ခံနိုင်စွမ်းရှိတယ်"