Friday, May 15, 2009 - 0 comments

ဆင်းရဲသားတွေ “ဘာ” လိုသလဲ

ဒီစာအုပ် ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးသူတွေ ရှိကောင်းရှိလိမ့်မည်။ ဆင်းရဲတဲ့ လူတွေ“ဘာ” အလိုအပ်ဆုံးလဲ “ငွေကြေး”ဟု လူတိုင်း ဖြေမည်မှာ ဧကန်မလွဲပေ။ သို့သော်.. ကျွန်မ ဖတ်ဖူးသော ပုံပြင်လေး တစ်ပုဒ်ကို ဘာသာပြန် မျှဝေ လိုက်ပါသည်။

============

ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူ ပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ် မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင် လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ မိမိ၏ ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့် အပြင် ပြင်သစ်ငွေ ၁၀၀ မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြင့် ပေးရန် ချန်ထားရစ်ခဲ့သည်။

သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာ တစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှား

Dale Carnegie ၏ ပုံပြင်များ

(၁)တစ်ခါက ဖခင်တစ်ဦးသည် အသက် (၁၅.၁၆)နှစ် ရှိနေပြီဖြစ်သော သားကို ယောက်ျားမပီသဟု ထင်ကာ အားမလို အားမရ ဖြစ်နေသည်။ သားကိုယောက်ျား ပီသစေလို၍ ဆရာတစ်ဦးထံတွင် သွားရောက် အပ်နှံခဲ့သည်။ ဆရာက“ခင်ဗျားသားကို ကျုပ်ဆီမှာ အပ်နှံထားတဲ့ ၃လ အတွင်းမှာ သူ့ကို ခင်ဗျား လုံးဝ လာမတွေ့ရဘူး။ သူ့ကို ၃လ အတွင်း ယောက်ျား ပီသအောင် ကျွန်တော် လေ့ကျင့်ပေးမယ်” ဟုပြောခဲ့သည်။
၃လ လွန်သောအခါ ဆရာက ကရာတေးပြိုင်ပွဲ တစ်ခု ကျင်းပပေးပြီး ဖခင်ဖြစ်သူအား လာရောက် ကြည့်ရှုစေခဲ့သည်။ သားနှင့်အတူ ယှဉ်ပြိုင်သူမှာ နည်းပြဆရာဖြစ်ပြီး ဆရာက စတင် တိုက်ခိုက်သည်နှင့် သားမှာ တဘိုင်းဘိုင်း လဲကျနေတော့သည်။ သို့သော်သူသည် လဲကျရမှာ ချက်ချင်းပြန်ထပြီး ပြန်လည် တိုက်ခိုက်ရန် အသင့်အနေအထားကို ပြင်ထားလိုက်သည်။ သို့နှင့် ကြိမ်ဖန်များစွာ လဲကျလိုက် ပြန်ထလိုက်နှင့် သားဖြစ်သူကို တွေ့သောအခါ ဆရာက ဖခင်အား...“ခင်ဗျားသား ယောက်ျားပီသဖို့ လိုသေးလား” ဟု မေးလိုက်သည်။

Thursday, May 7, 2009 - 0 comments

လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”

ခေါင်းဆောင်ကောင်းတစ်ဦး


ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။

ရိုးရိုးကျင့် မြင့်မြင့်ကြံ

၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ရောက်ကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။ စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေ မရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”


ဝန်ကြီး လီကွမ်ရောက်က စာဖတ်ပြီး ဒေါသထတော့တယ်။
နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။
“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား...နေရောင်ခြည်... နေရောင်ခြည်သာ ရှိရင် ငါတို့ လုံလောက်ပြီ”

နာမည်ကြီး တံဆိပ်

လူတစ်ယောက်အတွက် ဘယ်အရာက အသုံးလှပြီး အကြည့်ခံတဲ့ နာမည်ကြီး တံဆိပ်လဲ?
နာမည်ကြီး Chanel ရဲ့အင်္ကျီလား? Pierre Cardin ရဲ့ဘောင်းဘီလား? Gucci ရဲ့ဝီစကုတ်လား? Hermes ရဲ့ မာဖလာလား? Fendi ရဲ့ ဖိနပ်လား...?

ဒီပုံပြင်ကို လူတိုင်းကြားဖူးမှာပါ။
တစ်ခါက အမေရိကန်သမတ္တ လင်ကွန်းဟာ သူ့ဆီမှာ တာဝန်လာထမ်း ဆောင်မယ့် လူတစ်ဦးကို အင်တာဗျူးခဲ့တယ်။ အင်တာဗျူးပြီး အလုပ် မခန့်ခဲ့ပါဘူး။ လက်အောက် တစ်ယောက်က အလုပ်မခန့်တဲ့ အကြောင်းရင်းကို မေးတော့ လင်ကွန်းက “သူ့ရုပ်ကို ငါမကြိုက်လို့” လို့ ပြန်ဖြေခဲ့တယ်။ မေးတဲ့လူက “ မွေးရာပါ ရုပ်မလှတာ သူ့အမှားလား” လို့ ပြန်မေးခဲ့တယ်။ လင်ကွန်းက “ အနှစ်(၄၀) မတိုင်ခင် လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ မိဘတွေကပေးခဲ့တာ... အနှစ်(၄၀)နောက်ပိုင်းရဲ့ ရုပ်ရည်ဟာ ကိုယ့်ကိုယ်တိုင်က ပေးတာ... လူတစ်ယောက်ဟာ အနှစ်(၄၀) နောက်ပိုင်းမှာ ကိုယ့်ရုပ်ရှည်ကို ကိုယ်တာဝန်ယူနိုင်ရမယ်”

သုည

ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့ စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်။


အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးအ၀င်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ မြေကြီးဆန်တယ်။


အိပြောတဲ့ မင်းခိုက်စိုးစန် ပုံပြင်

အောင်အောင်ရေ
အခု မင်းခိုက်စိုးစန် ပြောပြမယ်။ နေပျော်တဲ့ဘ၀ဆိုတာ ဘာလဲလို့မေးထားတယ်။
အဲဒီဘ၀ကိုရောက်ဖို့ နေရာတစ်နေရာကနေ တစ်နေ၇ာကို စွန့်စားပြီးသွားရမယ်
ဆိုရင် သွားမလား၊ မသွားဖူးလားတဲ့။ အခုလက်ရှိဘ၀မှာဘဲ
နေပျော်အောင်နေမလားတဲ့။ အိခဏခဏပြောဖူးတယ်လေ။ ဘယ်လိုနေ၇ာ၊
ဘယ်လိုအခြေအနေနဲ့ နေရင် နေပျော်မလဲလို့လေ။
သူ့စာထဲမှာ သူငယ်ချင်းသုံးယောက်ရှိတယ်တဲ့။ တစ်ယောက်က ရေထမ်းရောင်းတယ်။
တစ်ယောက်က ဓာတ်ဆီရောင်းတယ်။ တစ်ယောက်ကထော်လာဂျီပိုင်တယ်။
- 0 comments

သားချစ်

သားချစ်
မင်းကြိမ်လုံးယူလာ
ဒီမှာ ဒူးထောက်မတ်တပ်ရပ်စမ်း
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့


ငါတို့အမျိုးတွေပြောတယ်
မဟုတ်ဘူး
ငါဒီလိုမလုပ်နိုင်ဘူး

လူဆိုတာ
ရတနာပဲ
ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ
ငါ့အတွက် ရတနာပဲ

- 0 comments

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့
မေ့သွားရင်လည်း
အကောင်းသား
မမေ့မမုန်း
တစ်နေ့လုံး....သူ
စိတ်ကိုယူငင်
ရင်တွယ်ရစ်ဖွဲ့ နှောင်တွယ်နွဲ့ပြို
အလွမ်းဆုံး .....မြစ်
လှော်ရင်းနစ်ပြီ
မပျော်နေ့ည
မေ့မရလို့
တွေ့ကြတဲ့အခါ
သူမြင်သာအောင်
ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား၊ နှလုံးသားမှ
မျက်ရည်များဖြင့်
ပြချင်တယ်။

မောင်လှမျိုး (ချင်းချောင်းခြံ)
- 0 comments

မောင်လှမျိုး (ခြင်းချောင်းခြံ)

ရင်ထဲမှာ....
ဘာမှမခံစားရအောင်နေရတာဟာ
ခံစားနေရတာထက် ဆိုးတယ်
မျိုသိပ်ထားတာထက် ဆိုးတယ်
အံထွက်လာမှာစိုးလို့
ငုံထားခဲ့ရ
ဘ၀ဆိုတာ....
အချစ်ရဲ့
လက်ပါးစေလားကွယ်
အချစ်သီဆိုရာသီချင်း
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိုင်စေရန်
အသံမဲ့ ဂီတတစ်ခု
ပြုလုပ်ဖန်ဆင်းပေးတော်မူပါ။
Monday, May 4, 2009 - 0 comments

ဒေါသနဲအောင်နေနည်း

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်းတရားတော်

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

* သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။


* သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

အောင်ဆန်းပေးတဲ့မြန်မာပြည်

(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။