Saturday, July 21, 2012 - 0 comments

EQ နှင့် ဗိုလ်ချုပ်


အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေ သုတေသန ပြုရင်းဖြင့် IQ Intelligence Quotient ဉာဏ်ရည် ပြကိန်းကို တွေ့ရှိခဲ့ကြသည်။ ထိုမှစကာ လူတစ်ဦး၏ အောင်မြင်မှုသည် ဉာဏ်ရည်ဉာဏ်သွေး အပေါ် အဓိက တည်မှီနေသည်ဟု ယူဆကာ လူတစ်ဦး၏ အလားအလာကို သိလိုလျှင် ထိုသူ၏ ဉာဏ်ရည်ပြကိန်း IQ Intelligence Quoteient ကိုတိုင်းတာခဲ့ကြသည်။

IQ မြင့်သော်လည်း မအောင်မြင်သူများ၊ အောင်မြင်သင့်သလောက် မအောင်မြင်သူများကို
 တွေ့ရှိလာသည့်နောက်တွင် အောင် မြင်မှု၏နောက်ကွယ်တွင် အခြားသောအကြောင်းရင်းရှိရမည်ဟု သုတေသနအသစ်များ ပြုလုပ်ခဲ့ရာ စိတ်ခံစားချက်ဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး EI Emotional Intelligence သည် လူတစ်ဦး၏ စွမ်းဆောင်နိုင်စွမ်းတွင် များစွာအရေးကြီးကြောင်း သိမြင်လာကြပြီး စိတ် ခံစားချက်ပြ အညွှန်းကိန်းEQ Emotional Intelligence ရေပန်းစား လာခဲ့သည်။ IQ မြင့်သော်လည်း EQ နိမ့်သူများ မအောင်မြင်။ IQ ချင်း မတိမ်းမယိမ်းရှိသူ အချင်းချင်း ယှဉ်ကြည့်လျှင် EQ သာသူများက ထိပ်သို့ ပိုမိုရောက်သည် ကို တွေ့ရသည်။

Friday, July 20, 2012 - 0 comments

ဓမ္မစေတီ ခေါင်းလောင်းကြီး


 

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော
 ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် 'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။
 ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက်
မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုကသွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့်
 နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။

Thursday, July 19, 2012 - 0 comments

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်


“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။
ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုး ဖြစ်လာတတ်သည်။

ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့်ပတ်သက်၍ ချွင်းချက်တော့ရှိနေပါသည်။
ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့ သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည် အချိန်ကာလ မည်မျှပင် ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် ၁၉-၇-၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တလအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူးအလဲ ခံစားရတတ်ပါသည်။
Wednesday, July 18, 2012 - 0 comments

ဆလုံလူမျိုးအကြောင်း သိကောင်းစရာ

ဆလုံများနေထိုင်သည့် ကျွန်းရွာ

ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့
 ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။
Friday, July 13, 2012 - 0 comments

ဖေမြင့် - (Genius) မှ ကောက်နုတ်ချက်များ

ကိုယ့်ပညာကို အိတ်ဆောင်နာရီကဲ့သို့ သဘောထား။ ငါ့မှာ ရှိတယ်ဆိုပြီး ထုတ်ထုတ်မကြွားနဲ့၊  နာရီမေးတော့မှ ပြော။ ညစောင့်ဒရဝမ်များလို သံချောင်းထထခေါက်တာမျိုး မလုပ်နဲ့-တဲ့။

********

စွန်ဆိုတာ လေစုန်မှာ မျှောပေးရင် လွင့်သာလွင့်သွားမယ်၊ တက်မလာဘူး၊ လေဆန်ဆွဲတင်းမှ
ထောင်တက်သွားတာ။ အထက်တက်ချင်တဲ့သူဟာ ရုန်းကန်ဆန်တက်ဖို့ ဝန်မလေးသင့်ဘူး။
Thursday, July 12, 2012 - 0 comments

မြင်းလား ..ငန်းလား..

စားကျက်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နှင့် ငန်းတစ်ကောင် ဆုံမိကြသည်။ ငန်းက မြင်း၏အမူအရာကို သဘောမကျ။ မထီလေးစား အားမနားသည့် ပုံစံဟု မြင်သည်။ ထို့ကြောင့် ဘဲငန်းတို့ထုံးစံ စူးစူးဝါးဝါးအသံဖြင့် ဆိုသည်။

'ဟေ့ ဒီမှာ၊ ငါက မင်းထက် ပိုကြီးကျယ်ပြည့်စုံတဲ့ အကောင်ပါကွ။ မင်းခန္ဓာကိုယ်ကြီးနဲ့ မင်းလုပ်နိုင်တာတစ်မျိုးတည်း ရှိတယ်။ ငါက ဟောဒီမြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလဲ ကောင်းကောင်းကြီးလျှောက်နိုင်တယ်။ ပြီးတော့ငါ့မှာ ဟောဒီ
 တောင်ပံနှစ်ဖက်ပါတော့ လေထဲပျံချင်သပဆိုလဲပျံဝဲလို့ရတယ်။ ရေအိုင်ချောင်းမြောင်း တွေ့ရင်လဲ
 အသာဆင်း၊ ရေအေးအေးလေး စိမ်ပြီး ကူးခတ်ဆော့ကစားနိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲက ငါး၊ ကုန်းပေါ်က ဆင်၊မြင်း၊ကျွ၊ဲနွား၊ သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်' သည်စကားကြားတော့ မြင်းက ရယ်သည်။

Wednesday, July 11, 2012 - 0 comments

ထိပ်တန်းရောက်မည့်သူ

ယုံကြည်စိတ်ပြည့်ဝသူမှာ အရှိန်အဝါ ရှိသည်။ အဟန့် ရှိသည်။ ကမ္ဘာလောကသည် ယုံကြည်စိတ်ကြီးမားသူ များကို ရို့ပေး ကျုံ့ပေးတတ်သော သဘောရှိသည်။ အနှောင့်အယှက် အဟန့်အတား ဟူသည် ပြတ်ပြတ်သားသား လာသူအား မခုမရဲ၊ အလျင်အမြန်
 ဘေးဖယ်ပေးရမြဲ ဖြစ်သည်။ မဖယ်၍လည်း မရ။

သူတစ်ပါး သရော်လှောင်ပြောင် သည်ကို ဂရုမစိုက်သူ၊ ဝေဖန်တာ အပုပ်ချတာကို မဖြုံသူ၊ အကျိုးလိုလားသယောင် ဖျောင်းဖျနားချသော်လည်း တိမ်းစောင်းယိမ်းယိုင်မသွားသူ၊ သည်လိုလူမျိုးကို မည်သို့တားဆီးမည်နည်း။ ကံကြမ္မာဆိုး ကြုံ၍ မတုန်လှုပ်၊ ဆင်းရဲဒုက္ခကြောင့် စိတ်အားမငယ်၊ အခက်အခဲကြုံ၍လည်း ဆံတစ်ခြည်မျှ သွေဖည်မသွား၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကိုသာ မျက်ခြည်မပြတ် လှမ်းမြဲလှမ်းသူအား အချိန်တန်လျှင် အများအရိုအသေ ပြုရမည်မှာ မုချဖြစ်သည်။