Thursday, May 7, 2009 - 0 comments

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား
မေ့ထားရုံနဲ့
မေ့သွားရင်လည်း
အကောင်းသား
မမေ့မမုန်း
တစ်နေ့လုံး....သူ
စိတ်ကိုယူငင်
ရင်တွယ်ရစ်ဖွဲ့ နှောင်တွယ်နွဲ့ပြို
အလွမ်းဆုံး .....မြစ်
လှော်ရင်းနစ်ပြီ
မပျော်နေ့ည
မေ့မရလို့
တွေ့ကြတဲ့အခါ
သူမြင်သာအောင်
ကြင်နာအရိပ်၊ အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား၊ နှလုံးသားမှ
မျက်ရည်များဖြင့်
ပြချင်တယ်။

မောင်လှမျိုး (ချင်းချောင်းခြံ)

0 comments: