Friday, October 8, 2010 - 0 comments

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

နန္ဒာသိန်းဇံ



နိဒါန်း
ဟိုးရှေးခေတ် ရွက်သဘောင်္ကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ခေတ်က တစ်နေ့မှာ . . ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘောကပ္ပတိန်က သင်္ဘောသား လူငယ်တစ်ဦးကို ရွက်တိုင်မကြီးပေါ်တက်ပြီး (ဖြုတ်ပစ်မှ ဖြစ်တော့မယ့်) ရွက်ကြိုးတစ်ခုကို ဖြုတ်ချုင်တယ်။ လေက သိပ်ထန်နေပေမယ့် သင်္ဘောသားလူငယ်ဟာရဲရဲဝံ့ဝံ့သွက်သွက်လက်လက်ပဲ ရွက်တိုင်မကြီးပေါ်ရောက်အောင် တက်သွားပြီး ရွက်ကြိုးကို ဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကို ငုံ့ကြည့်လိုက်တော့ . . . သင်္ဘောတစ်ခုလုံးဟာ ဒေါသထန်နေတဲ့လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရ လူးလိမ့်နေတာ မြင်ရတယ်။

ဒါကို အပေါ်စီးကနေ မြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ၊ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက် မေ့မြောသလို ဖြစ်သွားတယ်။ ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က သူ့သူငယ်ချင်းဆီ လှမ်းပြီး “ဟေ့ … ငါတော့ လိမ့်ကျတော့မယ်၊ လုပ်ပါအုံး” လို့ အော်ပြောတယ်။
ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့သူငယ်ချင်းက “အောက်ကို မကြည့်နဲ့ သူငယ်ချင်း ငုံ့ကြည့်မနေနဲ့၊ အပေါ်ကိုပဲကြည့်” လို့ တအားကုန် လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်းသတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ ဒီအခါမှာ အောက်က မူးဝေ ထိတ်လန့်စရာ မြင်ကွင်းတွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။ စိတ်ငြိမ်လာတယ်။ အားမာန်သတ္တိတွေလဲ ပြန်ဝင်လာတယ်။ ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိ ၀ီရိယထားဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။