Monday, April 27, 2009 - 0 comments

ဘဝ

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့်
ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့် သူပျော်ရွှင်တဲ့အကြောင်း ကျွန်တော့်ကို
ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့
ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။
ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့
မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့
ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက
ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့
အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ
အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ
တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့
နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း
ကျွန်တော့်ကို ပြောပြတယ်။

နေရာ

တခါက တက္ကသိုလ် တခု၏ ဟောပြောပွဲ တခုတွင် ဖြစ်သည်။ ဟောပြောမည့် ဆရာမှာ နာမည်ကြီး ဆရာတဦးဖြစ်သောကြောင့် ခန်းမတခုလုံး ပြည့်လုနီးပါး ရှိနေပြီ။ ကျွန်တော်ရောက်သွားချိန်တွင် လူအများက လမ်းဘေးဝဲယာ စင်္ကြ့တလျောက်တွင် နေရာဦးထားပြီးဖြစ်သည်။ အ၀င် အထွက်ခက်သော အလယ်ခုံနှင့် နောက်ဆုံးခုံများတွင် နေရာလွတ် အနည်းငယ် ကျန်နေသေးသဖြင့် နေရာလွတ်တခုတွင် ကျွန်တော် ထိုင်လိုက်ပြီး စင်ပေါ်သို့လှမ်းကြည့်မိလိုက်သည်။ ဆရာမှာ ရောက်နှင့်နေပြီဖြစ်သည်။

ဟောပြောပွဲသို့ ကျောင်းသားများ တဖွဲဖွဲ ထပ်ရောက်လာပြီး တခဏချင်း ခန်းမတခုလုံး ပြည့်သွားသည်။ ဟောပြောပွဲစသောအခါ ဆရာက စင်ပေါ်မှ ဆင်းပြီးခန်းမ၏ နောက်ဆုံးခုံတန်းထိ လျောက်သွားသည်။ ထိုနောက် အလယ်ခုံတွင် ထိုင်နေသော ကျောင်းသူတဦးအား ထိုးပြကာ ကျောင်းသားများဖက် လှည့်ပြီး " တပည့်တို့ ဟောပြောပွဲ မစခင် ဒီကျောင်းသူကို ဆရာအရင်ဆုံး ဂါရ၀ပြုပါရစေ" ပြောရင်းဆိုရင်း ဆရာက ထိုကျောင်းသူအား ဦးညွှတ် အလေးပြုလိုက်သည်။

စိတ်ကျင်စဉ်

တုန်ခါမှုလှိုင်းတွေရဲ့ စွမ်းအား ကို သိအောင်လက်တွေ့ ပြပါ့မယ်။
မိတ်ဆွေ ဂစ်တာ သို့  ပီယာ နို ပေါ်မှာ
F# အက်ဖ်ရှပ် ကီး ကိုတီးကြည့်ပါ ထွက်ပေါ်လာတဲ့အသံ နှုန်းဟာ အနီရောင် ရင့်ရင့် တောင်တောင်ပြောင်ပြောင် ကနေထွက်တဲ့  heartz လူပ်ရှားမူ နဲ့ထပ်တူဖြစ်ပါတယ်
အဲဒီ အရောင်ဟာ လူတွေရဲ့ စိတ်ကို အကြီးအကျယ်လူပ်ရှားစေတယ်တက်ကြွစေတယ်
အရေးပေါ် ကား မောင်းလာရင် ဆွဲတဲ့ သြ ဆွဲသံမျိုး နဲ့တော်တော်လေးကိုဆင်ပါတယ်။

မျက်စိလှူက မျက်ကြည်ရ မြတ်သည့်လှူဒါန

ယခုဘ၀ မျက်စိလှူက
ချမ်းသာစိတ်သွင်
မြင်ကြည်အေးမြ
ဘ၀ဆက်တိုင်း
အနှိုင်းမသိ
ကုသိုလ်ထူးဘိ....


မျက်ကြည်လွှာအစားထိုး ကုသသည်ဆိုသည်မှာ....
- မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။
- လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုးကုသခြင်း ဖြစ်ပါသည်။
- မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀% အောင်မြင်မှုရရှိပါသည်။
- မည်သည့်အသက်အရွယ်မဆို အစားထိုးကုသ၍ ရပါသည်။

ဘဝကိုဖြတ်သန်းရာဝယ်

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကိုမြင်းနဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ်လို့ပြောလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာများနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန်စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်း
မရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေပင်ပန်းနွမ်းနယ်နေချိန်တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာ
အများဆုံးကာမိအောင်ပါ။

အမေကိုချစ်နိုင်ကြပါစေ

မိဘများကိုအသက်ထက်ဆုံးချစ်ခင်လုပ်ကျွေးနိုင်ကြပါစေ။
(ref: forwarding mail)


ဒီနေ့တော့ ကိုရီးယား ဆိုက်များကို လိုက်လံ ဖတ်ရှုရာမှ သဘောကျမိသော
ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုရီးယားမှာရှိတဲ့
အမေတစ်ယောက်နဲ့ သမီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ........
>
>
>
>
>
> "သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "
>

အဝေးရောက် သားသမီးများ

နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက
စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး
အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့
အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ
ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး
ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။

မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ
ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့
အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊
အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊
သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။
လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ်ကြာရင်တော့ သူတို့ ပြန်လာမယ်လို့
ပါပါတယ်။

Wednesday, April 15, 2009 - 0 comments

အောင်ဆန်း(သို့) အရိုင်း


( ၁ )
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာ ၀ါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက်နှင့်လည်း တူ၏။
Friday, April 3, 2009 - 0 comments

မှန်တင်ခုံ

မကျေနပ်ဘူး ..လို့
ပြောနေရုံနဲ့
ကျေနပ်စရာ ကောင်းလာမှာ မဟုတ်ဘူး။
ကိုယ် ..ကိုယ်တိုင်က
ချိုမိုင်မိုင်လောက် က,တတ်ပြီး
ထိုင်ရာက, မထ
တစ်လက်မ, လောက်သာ
မြင်နေတာလား
စဉ်းစား။
မိုင်ပေါင်းများစွာ တွေးမြင်ရင်
မိုင်ပေါင်းများစွာ ထ, လျှောက်
လမ်းဘေးက
ပန်းဆွေးတွေကို ထားခဲ့။
ညံ့တဲ့သူတွေ
ညံ့တဲ့နေရာမှာ .. နေ
တော်ချင်တဲ့ သူတွေ
တော်မဲ့နေရာကို ..သွား
ရှေ့ကို ရောက်တဲ့အခါ
နောက်မှာ ကျန်ခဲ့တဲ့
မကျေနပ်စရာတွေ ....
သူ့အလိုလို သေသွားလိမ့်မယ်။
မကျေနပ်ဘူး ..လို့
အော်ပြောနေရုံနဲ့
ကျေနပ်စရာ ဖြစ်လာမှာမှ မဟုတ်ဘဲ။
ကိုယ်, တော်ရင် ...
ဘယ်အရာမဆို ကျော်နိုင်ရမယ်။

မောင်လှမျိုး(ခြင်ချောင်းခြံ)