Thursday, September 10, 2009 - 0 comments

သတ္တိလိုတယ်၊ ၁၀၀%.

ဟေး သူငယ်ချင်း..
စိတ်ပျက်မနေနဲ့။ ငိုညည်းမနေနဲ့။
ရယ်မောလိုက်စမ်းပါ။

လုပ်စရာရှိတာ လုပ်နိုင်ဖို့လိုရင်းပဲ။
လူငယ်ဆိုတာ ကြိုးစားသူ အောင်မြင်တာပဲ။
စိတ်ပျက်စရာရှိရင် မင်းဘေးမှာ
(မင်းသူငယ်ချင်းအဖြစ်) အမြဲရှိမယ်။
စိတ်ညစ်စရာများ အိမ်မက်ထဲတောင်သယ်မသွားနဲ့။
ရင်ကော့လို့ နေသွားစမ်းပါ ။

ဟေး ၁၀၀ ရာခိုင်နှုန်း သတ္တိတွေနဲ့
ကြိုးစားဖို့ကလွဲရင် ကျန်တာမတွေးနဲ့။
လောကကြီးကို ပျော်ရွှင်စွာနဲ့
နေ့များစွာကို ကုန်လွန်ပါစေ။

ငါတို့တွေဟာ
ထာဝရတောက်ပတဲ့ ကြယ်(အလင်းတန်း)တွေပဲဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့။
ဘ၀မှာ ရင်ဆိုင်ရင်း ဒဏ်ရရတဲ့အခါလည်း ရမှာပေါ့။
အသည်းကွဲတဲ့အခါလည်း ကွဲမှာပေါ့။
နောင်တရပြီး ငိုလို့ အချိန်တွေ မကုန်ခံပါနဲ့တော့။

မင်းမကြိုးစားသ၍ ပျံသန်းခြင်းကို မစနိုင်ဘူး။
မင်းပျံမယ်ဆိုရင် မင်းကိုရှေ့ကို တွန်းမယ့်လေအဖြစ်
မင်းပျံသန်းဖို့အတွက် ကောင်းကင်လေးအဖြစ် စောင့်နေတယ်။
အခု အခွင့်အရေးရတုန်း ပျံသန်းလိုက်၊ ကြိုးစားလိုက်ပါ။

မင်းငိုတာကို ရပ်လိုက်ပါ။
ဘ၀မှာ ညနက်ဆိုတာရှိရင် လှပတဲ့ မနက်ဆိုတာလည်း ရှိတယ်။
မင်းငိုလို့ အရာအားလုံး ပြည့်စုံမသွားဘူး။

သူများလောက် မစွမ်းတောင်
ငါတိုမှာလည်း ငါတို့အစွမ်းရှိတယ်။
ကိုယ်ရည်ရွယ်ရာလမ်းအတိုင်း ကိုယ်လျှောက်ကြမယ်။
၁၀၀%ခွန်အားသတ္တိတွေနဲ့ လမ်းအသစ်ထွင်ရုံကလွဲရင်
တခြားနည်းမရှိဘူး။

ငါတို့လည်း လောကကြီးကို အလင်းပေးနိုင်တဲ့
ကြယ်လေးတပွင့်ပဲဆိုတာ ဘယ်တော့မှာ မမေ့ပါနဲ့။


Ref: latharnya.blogspot.com

0 comments: