Monday, March 16, 2009 - 0 comments

နှေးကွေးပါစေ

အရှုံးနဲ့ ရင်ဆိုင်ခဲ့သူကို သူ့နောက်ကျောကြည့်ရုံနဲ့တင် သိနိုင်သလို
အောင်မြင်တဲ့သူကို သူ့ခြေသံ နားထောင်ရုံနဲ့တင် သိနိုင်သတဲ့။
အောင်မြင်ချိန်မှာ ထောင်လွှားမောက်မာတဲ့ စကားမပြောပါနဲ့၊
ရှုံးနိမ့်ချိန်မှာ ဒေါသမာန်ထတဲ့ စကားမပြောပါနဲ့။

ဆရာတစ်ဦးက နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်သလို ကွန်ပြူတာကိုလည်း
မသုံးတတ်ခဲ့ဘူး။ ဆရာ အသက်(၅ဝ)ရောက်တော့ သူသင်တဲ့ကျောင်းမှာ
ကွန်ပြူတာတပ်ဆင်ပြီး ကျောင်းသားတွေရဲ့ ရမှတ်၊ ကိုယ်ရေးရာဇဝင်တွေကို
ကွန်ပြူတာထဲ ရိုက်ထည့်ပြီး ဖိုင်သိမ်းထားရမယ့် စနစ်ကို စခဲ့တယ်။

အသက်ကြီးပြီး ကွန်ပြူတာကို နကန်းတစ်လုံးမှ နားမလည်တဲ့ ဆရာက ဒီကိစ္စအတွက်
စိတ်ဖိစီးမှုတွေ ရခဲ့တယ်။ ကျောင်းသားတွေကိုလည်း သူဟာ ကွန်ပြူတာနဲ့
မအပ်စပ်သူလို့ ပြောခဲ့တယ်။ ဆရာ့အဖြစ်ကို နားလည်တဲ့ ကျောင်းသားတွေက
ကွန်ပြူတာ ကျွမ်းကျင်သူတွေကို ရှာပြီး ဆရာကိုကူညီဖို့ ပြောခဲ့တယ်။

ပိုလာဝက်ဝံပုံပြင်နှင့်လင်းယုန်ပုံပြင်

ပိုလာဝက်ဝံပုံပြင်
မှတ်ချက်။ ။ကို luphone ဆီက ပိုလာဝက်ဝံပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
သူရေးထားတဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်နိုင်ပါတယ်။
==============================
============================================
ဘ၀တွေ.........ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး
တစ်ခုပါ.. အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း
သလဲဆိုတာ သူငယ်ချင်းတို့ သိကြလား.

အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့
ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့်
ပြီးထားကြတယ်..ဖျံသွေးတွေ အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို
ပိုလာဝက်ဝံတွေ နေတဲ့နေရာ မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့
အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့ ..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့
လျှာကိုဖြတ်မိတာ မသိကြပဲ ဆက်စားနေကြတယ်..ကြတော့
သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချိန်မှ အက်စကီးမိုးတွေ ကထွက်လာပြီး
ဝိုင်းသတ်ကြတာ..
Wednesday, March 11, 2009 - 0 comments

ပြောဖို့ ခက်ပါတယ်



တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့
ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို
မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး
အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ
သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ
ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့
ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား
ခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို
ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း
အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။

Monday, March 9, 2009 - 0 comments

ထွေထွေဗဟူသုတ

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။