Monday, April 27, 2009 - 0 comments

စိတ်ကျင်စဉ်

တုန်ခါမှုလှိုင်းတွေရဲ့ စွမ်းအား ကို သိအောင်လက်တွေ့ ပြပါ့မယ်။
မိတ်ဆွေ ဂစ်တာ သို့  ပီယာ နို ပေါ်မှာ
F# အက်ဖ်ရှပ် ကီး ကိုတီးကြည့်ပါ ထွက်ပေါ်လာတဲ့အသံ နှုန်းဟာ အနီရောင် ရင့်ရင့် တောင်တောင်ပြောင်ပြောင် ကနေထွက်တဲ့  heartz လူပ်ရှားမူ နဲ့ထပ်တူဖြစ်ပါတယ်
အဲဒီ အရောင်ဟာ လူတွေရဲ့ စိတ်ကို အကြီးအကျယ်လူပ်ရှားစေတယ်တက်ကြွစေတယ်
အရေးပေါ် ကား မောင်းလာရင် ဆွဲတဲ့ သြ ဆွဲသံမျိုး နဲ့တော်တော်လေးကိုဆင်ပါတယ်။


နောက်တစ်ခါ
Be အီးဖလက် ကီး လေးကို တီးကြည့်စမ်းပါ ထွက်လာတဲ့ အသံနှုန်းဟာ နူးညံတဲ့အစိမ်းရောင်
အေးမြမူ တွေ တည်ငြိမ်မူ ကြည်နူးမှုတွေပေးစွမ်းပါတယ် ဥပမာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကျောင်းရိပ်ကန်ရိပ်ကိုနင်းလိုက်ရသလိုပါပဲ စိတ်ကို အေးချမ်းမူကိုရစေပါတယ်။
အဓိကဆိုလိုချင်တာကတော့ တုန်ခါမူ တွေရဲ့ နောက်ကွယ်မှာ သက်ရှိသက်မဲ့ တွေရဲ့ အရောင် တွေကို ဖော်ပြတယ် လို့ ပြောချင်ပါတယ်။ လူလိမ်တစ်ယောက်ဟာ ပါးစပ်ကနေလိမ်လို့ ရပါတယ် ဟန်ဆောင်ကောင်းရင် ဟန်ဆောင်ပြီးလိမ်လို့ ရပါတယ် ဒါပေမဲ့ သူ ရဲ့ အော်ရာသို့ မဟုတ် သူရဲ့ ပင်ကိုယ် အရောင် ကိုတော့ ဘယ်လိုမှလိမ်လို့မရပါဘူး။

ဘာသာရေးမှာဆိုရင်လည်း အထင်အရှားဖြစ်တဲ့ ဂေါတမမြတ်စွာဘုရား နောက်သခင်ယေရှုတို့ ခတ်ကဆိုပန်းချီအနပညာသမားတွေ ဟာ ကိုယ်တိုင်တွေ့ မြင်ခဲ့ရလို့ သူတို့ရဲ့ ပင်ကိုယ်အရောင်တွေဖြစ်တဲ့ ရောင်ခြည်တော် ၁၀ ပါးတို့  Halo (ယေရှုခေါင်းဘေးနားက ရောင်တော်) ဒီအတိုင်းရေးဆွဲခဲ့ ကျပါတယ်။ သူတို့ ခတ်ကအနုပညာသမားတွေ လုပ်ကြံပီးရေးဆွဲတာမဟုတ်ပါဘူး အမြင်အတိုင်းကိုဆွဲခဲ့ကျတာပါ။

တကယ်လို့ မိတ်ဆွေဟာ
သက်ရှိသက်မဲ့ တွေ ရဲ့ အော်ရာ (ပင်ကိုယ်ရောင်) ကိုကြည့်မြင်နိုင်ခဲ့သူဖြစ်ရင် every picture tells a story လို့ ဆိုသလို သူများတကာတွေမသိ တာထက်ကိုယ်ကအမြဲ ပိုသိနေပြီးနေရာတကာ တစ်ဘန်းသာနေမှာဖြစ်ပါတယ်။

ကျွန်ုပ်ကို ကောင်မလေးတစ်ယောက်က သူဖြေဆိုမယ့် စာမေးပွဲအောင်မအောင် မေးပါတယ် သူ့ အော်ရာ ကို ကြည့်လိုက်တဲ့အခါမှာ အင်မတန်မှေးမှိန်လြှပီး ကျဆုံးတဲ့အရောင်မျိုးဖော်ပြနေပါတယ်။ အားနာလှတာနဲ့ ဖြေလည်းမထူးပါဘူးလို့ နှစ်သိမ့်ပေးလိုက်ပါတယ်။ သူမဟာလဲဒီဖိုရမ်မှာမင်ဘာတစ်ယောက်ဖြစ်ပါတယ်။ ဖြေပြီးချင်း မအောင်ဘူးလို့ ၀မ်းနည်းစွာလာပြောရှာပါတယ်။
လေ့ကျင့်ခန်းများ
၁။ ပထမဦးစွာ အိပ်ယာပေါ်မှာ ပူပင်မူကင်းမဲ့ စွာ အ၀တ်ကို ပျော့ပြောင်းစွာ လှဲချထားသကဲ့ သို ၁၀ မိနစ်ခန့် လှဲလျှောင်းရပါမည်။ ငါ၏ကိုယ်တွင်ရှိသောအကြောအချင်များ ပျော့ပြောင်းသွားပြီ ပျော့ ပြောင်းသွား ပြီ ဟုစိတ်ထဲမှာပြောဆိုယုံကြည်ရပါမည်။
၂။ လေကို တ၀ကြီးရှုသွင်းရပါမည် ဗိုက်ဖောင်းလာသည်အထိ ထိုနောက် ဗိုက်ထဲတွင်လေတစ်စက်မှ မရှိတော့သည့်အထိ အားပါးတရ ရှုထုတ်ပစ်ရမည် (တစ်နေ့၁၀မိနစ်လေ့ ကျင့်ပါ)
ထို သို့ ပြုလုပ်နေစဉ် စင်္ကြာဝဠာအတွင်းရှိ ထူးခြာသည့်တန်ခိုးအရာများ ကိုငါ၏ကိုယ်ခန္ဓာမှ ကန်တော့သဖွယ် ယူငင် သိမ်းပိုက်နေသည် ဟု ကိုယ်တိုင်လည်းလက်ခံယုံကြည်နေရမည်။
လေ့ကျင့်ခန်း၂ ကိုပြုလုပ်လျှင် အမှန်တကယ်ပင် ကိုယ်မမြင်ရနိုင်သော တန်ခိုးစွမ်းအားများ ၀င်ရောက်လာမည်ဖြစ်သည်။ သို့ သော ထိုအချိန်မှစ ကာ ဒူးနှုန့် ချင်း ကလပ်တက်တက် မျောက်ကဲ့ သို့ လမ်းလျှောက်ခြင်း လက်ကိုအငြိမ်မထား ဟိုဆော့ဒီဆော့ ဂဏာမငြိမ် ရူးပေါပေါ အိုင်တင်ထုတ် မျက်နှာပေးထားခြင်း တို့ ကိုစတင်ရှောင်ကြဉ်ရပါမည်။

0 comments: