Friday, September 18, 2009 - 0 comments

လူငယ်တစ်ယောက်(သို့) သားတစ်ယောက်ရဲ့ခံစားချက်…

တစ်ခါတစ်လေ ဘဝကြီးဟာ ရယ်စရာကောင်းတယ်….
လမ်းလျှောက်နေပေမယ့် ချော်လဲကျတတ်တယ်….
ချော်ကျလို့ ကြိုးစားထပေမယ့် တွန်းချတဲ့လူတွေကြောင့် ပြုတ်ကျရပြန်တယ်…
တစ်ခါတစ်လေ ပြန်ထဖို့တောင် ကြောက်နေပြီ….
ထခါနီးမှာ တွန်းချခံရတဲ့အခါ မြင်ရတာက မှောင်မည်းတဲ့ ချောက်ကြီးပဲ….
ကြောက်စရာအပြုံးတွေနဲ့ ပြုံးပြပြီး ငါ့ကိုကြိုဆိုနေကြတယ်…
ငါ ထချင်တယ်… ဒါပေမယ့် ငါ့ခြေထောက်တွေ မထနိုင်တော့ဘူး…
အကြိမ်ကြိမ်ပြုတ်ကျခဲ့လို့ပါ…
ထချင်ပေမယ့်… ဆွဲတင်မယ့်လူတွေ မရှိဘူး….
ဒါပေမယ့် တွန်းချမယ့်သူတွေကတော့ ဝိုင်းနေလို့ပေါ့….


ကံတရားဆိုတာကို မယုံပါဘူး….
လူတွေကိုလည်း မယုံတတ်တော့ဘူး….
ငါဟာ ကြောက်စရာ သတ္တဝါတစ်ကောင် ဘဝ ပြောင်းသွားတော့မယ်…
ငါကြောက်နေမိတယ်…
မပြောင်းလဲချင်ဘူး….
ငါဟာလူတစ်ယောက်ပါ…
လူမဟုတ်တဲ့ သတ္တဝါတစ်ကောင် မပြောင်းချင်ဘူး…

အတ္တဆန်စွာ ဆိုတဲ့ စကားလုံးကို မသိခဲ့ဘူး….
ပတ်ဝန်းကျင်က သင်ပေးနေပေမယ့် နားပိတ်ထားတယ်….
အတ္တဆိုတာ နတ္ထိပဲ….
ငါမတတ်ချင်တာကို မသင်ပေးကြပါနဲ့…

အတ္တမဆန်စွာနဲ့လို့ အကြိမ်ကြိမ်ငါပြောနေလည်း…
လူတွေက ငါ့ကို ဟာသကားတစ်ခုလို ကြည့်နေကြတယ်…
ငါဟာ အရူးတစ်ယောက်ပါလား…
နားမထောင်တဲ့လူတွေကို ပြောနေတဲ့ငါ…
မောရုံပဲလေ…

ဘဝဆိုတာ ငွေကြေးနဲ့ ဆုံးဖြတ်တယ်…
အောင်မြင်မှုဆိုတာ ငွေကြေးပေါ်မှာ မူတည်နေတယ်…
အောင်မြင်မှုဆိုတဲ့ အနက်အဓိပ္ပာယ်ငါ့မှာ ပျောက်ဆုံးနေတယ်…
လေးစားမှုဆိုတာ အဓိပ္ပာယ်မဲ့နေပြီ….
ငါ့ဗိုက်ဟာနေလို့ပါ….

တစ်ယောက်တည်းနေတဲ့အခါ ကမ္ဘာပေါ်မှာ ငါရပ်နေတာ…
အများနဲ့နေတဲ့အခါ ဘဝကြီးကို ငါထမ်းနေရတာ…
ဘဝဆိုတဲ့ အလေးကြီးကို ထမ်းထားတဲ့ အဖေနဲ့အမေ…
သားကူထမ်းချင်ပါတယ်….
ဒါပေမယ့် အမေကပြောတယ်….
သား… အရည်အချင်းရှိဖို့လိုသေးတယ်..
အရည်အချင်းဆိုတာ ငွေနဲ့ဆုံးဖြတ်တယ်…
ဘဝကြီးကို ရပ်တည်ဖို့ အရည်အချင်းနဲ့ဆုံးဖြတ်တယ်…
ဘဝဆိုတဲ့အလေးကြီးက ငွေအားနဲ့ပဲ ထမ်းရတာပါ…
ပျော်ရွှင်ခြင်းဆိုတာ ငွေရှိဖို့မလိုဘူး…
နေတတ်ရင် အထီးကျန်စွာ ပျော်လို့ရတယ်…
အထီးကျန်စွာပျော်ဖို့ ငွေမလိုဘူး….
ဒါပေမယ့် ပျော်ရွှင်ခြင်းနဲ့ ဘဝအလေးကြီးကို မထမ်းနိုင်ဘူး…

လူဖြစ်လာရင် ဒုက္ခဆိုတာ ရှိမှာပဲ..
လူဖြစ်လာရင် ချော်လဲမှာပဲ…
လူဖြစ်လာရင် ငိုတတ်မှာပဲ…

လူတွေကပြောတယ်…
ချောလဲရင် ပြန်ထတဲ့…
ဒါပေမယ့် လူတွေကပဲ တွန်းချနေကြတယ်…

လူတွေက ပြောတယ်…
ငိုရုံနဲ့ ဘာမှဖြစ်မလာဘူးတဲ့…
အဲလိုပြောပြီး အနာကို ဆိုးလာအောင် ဖန်တီးလာတယ်…
သူအငိုတိတ်သွားတဲ့ အချိန်ထိပေါ့….
သူမငိုတော့ဘူး….
သူသေပြီလေ….

လဲကျသူကို လက်ကမ်းလင့်မယ့်သူ…
ငိုနေတဲ့သူကို လက်ကိုင်ပဝါကမ်းမယ့်သူ….
ငါဖြစ်ချင်တယ်….
ဒါပေမယ့် ငါကိုယ်တိုင်က လဲကျပြီး ငိုကျွေးနေရပါသလား…

လူတွေကို ကယ်တင်ချင်ပါတယ်…
ဒါပေမယ့် ငါကိုယ်တိုင် မရုန်းထနိုင်ဘူး…

လူတွေ ငိုနေတာ ငါမြင်နေရတယ်…
ဒါပေမယ့် ငါမဖြေသိမ့်ပေးနိုင်ဘူး…

ငါကိုယ်တိုင် ငါ့ကို ကယ်တင်ချင်ပါတယ်…
စွမ်းအားတွေကို ချီးမြှင့်ပါလို့ ဇူးနတ်ဘုရားဆီမှာ…
တောင်းဆုချွေချင်တယ်…
ဒါပေမယ့် ဒါဟာ ဟာသ တစ်ခုပါ….

ဘဝဆိုတာ လူမှုရေး ပညာရေး စီးပွားရေးနဲ့ ပေါင်းစပ်ထားတာတဲ့…
သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်….
ဟန်ချက်မညီတဲ့ ပေါင်းစပ်မှုဟာ မောပန်းရုံပဲလေ….
ဟန်ချက်ညီတဲ့ ပေါင်းစပ်မှုဆိုတာကတော့…
အိပ်မက်တစ်ခုပဲလား…
စိတ်ကူးယဉ်မှုတစ်ခုပဲလား…

အောင်မြင်ချင်းဆိုတာတွေအတွက် ပေးဆက်ချင်းတွေရှိခဲ့တယ်…
ကျဆုံးခြင်းဆိုတာကို ကြုံရတော့ ငါကြောက်နေမိတယ်….
ငါဝန်မခံရဲဘူး… ငါကျဆုံးတော့မယ်ဆိုတာ….
တစ်ခါတစ်လေ သွေးရူးသွေးတန်းနဲ့ အော်နေပြီတယ်….
သန်းခေါင်ယံမှာ ထထနိုးလာတယ်….
နိုးတဲ့အချိန်မှာ အမြဲရွတ်မိတယ်…
စာလုံး နှစ်လုံးထဲပါ…
ဘဝ….

ငယ်ပါသေးတယ်တဲ့…
လူအများကြီးတွေ ပြောကြပါတယ်…
ဟုတ်ပါတယ်… ငယ်ပါသေးတယ်…
လောဘကြီးတဲ့ ငါကိုက အပြစ်ပါ….

ငိုကျွေးတဲ့လူတွေ လစ်လျူရှုချင်တယ်…
ကယ်ပါဆိုတဲ့ အသံတွေ နားပိတ်ထားချင်တယ်…
မိုးကြိုးတွေ အကြိမ်ကြိမ်ပစ်ချ…
ဘဝမှာ အကြိမ်ကြိမ်လဲပြို….
တဆာဆာအော်နေတဲ့ ကလေးငယ်လို….
အခါခါအော်နေလည်း ကယ်မယ့်သူတွေ ဝေးနေဆဲပဲ…
ငါကတော့ ငေးနေဆဲပဲ…

အသက် 19 နှစ်…
ဘဝကြီးကို စတွေ့လို့….
အော်… ဒါဟာ ကံဆိုးမှုလား…
မထူးဆန်းပါဘူး…
မရှုးနှမ်းပါဘူး….
အထူးအဆန်းဆိုတာ အခု…
မရှိတော့ပါဘူးလေ….

လဲပြိုပေမယ့် ထခဲ့ပါတယ်…
အမြဲကိုပဲ…. အားခဲပါတယ်…
အားပေးနေတာ မိသားစုပဲ….
ဝေဖန်တာလည်း မိသားစုပဲ….
ဆွဲထူပေးတာ မိသားစုပဲ….
အမေ… ကျွန်တော် ပင်ပန်းနေပြီ….

အဖေ… အဖေ့ပခုံးတွေ နာနေလောက်ပြီ….
အဖေ… အဖေ့ပခုံးတွေ ညောင်းနေလောက်ပြီ….
သား… ကူထမ်းချင်ပါတယ်….
အမေပြောသလို….
သားမှာ အရည်အချင်းရှိဖို့လိုသေးလို့ပါ အဖေ…..

မိုးကြိုးတွေ ဆက်ကာပစ်လို့….
အော်ဟစ်ကာ တောင်းပန်နေလဲ…
လေမုန်တိုင်းပါ တိုက်ခတ်သွားပေလေသရော….
အော်…. ဒါဟာ ဘဝဆိုတာပါလား….

အောင်မြင်ချိန် ပြုံးနိုင်ပေမယ့်….
လဲကျချိန်မှာတော့ တစ်ယောက်တည်း….
ငွေကြေးနဲ့တာ အောင်မြင်မှုကို တိုင်းတာနေတာ….
ဘဝပါလား…..

Ref: ywarthar.com
[Message from Ref Website :အသက်ကို ပဲ edit လုပ်ထားပါတယ်
ကူးယူခွင့်ပေးသော ကိုစေတန်ကို ကျေးဇူးပါ]

0 comments: