Tuesday, May 22, 2012 - 0 comments

မနက်ဖြန်အတွက် လုပ်စရာတွေရှိသေး...

တစ်ခါတုန်းက ပညာရှိကြီးတစ်ဦးက ဟောပြောတဲ့ခန်းမတစ်ခုအတွင်းမှာ နားထောင်နေတဲ့ ပရိတ်သတ်ကို ဟာသ တစ်ခုပြောနေတယ် ။

နားထောင်သူတွေအကုန်လုံးက ကျယ်လောင်စွာ အားလုံး ရယ်မောလိုက်ကြတယ် ။ ရယ်မောသံတွေ တိတ်သွားတဲ့အခါ သူက အဲဒီဟာသကိုပဲ ထပ်ပြောတယ် ။ အဲဒီအချိန်မှာ လိုက်ပြီးရယ်မောတဲ့သူအနည်းငယ်ပဲရှိခဲ့တယ် ။

နောက်တစ်ကြိမ် ပညာရှိကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ။ အဲဒီအခါမှာတော့ ခန်းမတစ်ခုလုံးမှာ ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ပါဘူး ။ ပညာရှိကြီးကပြုံးပြီးပြောတယ် ။

“ ခင်ဗျားတို့ ဟာ သတစ်ခုကို ကြားတဲ့အခါ ပထမအကြိမ်ရယ်မောကြတယ် ဒုတိယနဲ့ တတိယအကြိမ်တွေ ထပ်ခါထပ်ခါ ကြားရတဲ့အခါ မရယ်ကြတော့ဘူး ဟာသကိုတောင် ထပ်ခါ ထပ်ခါ မရယ်မောချင်ကြတဲ့ ခင်ဗျားတို့ဟာ ၀မ်းနည်းစရာကိစ္စတွေကိုရော ဘာကြောင့် ထပ်ခါထပ်ခါ ငိုကြွေးနေကြမလဲ ”

@@@@@@@@@@@@@@@@@@@@@@@@@@2

လောကကြီးမှာ ဖြစ်ပျက်တဲ့ကိစ္စတွေက တစ်ကြိမ်တစ်ခါမှာပဲ ပျော်ဖို့ကောင်းသလို မျက်ရည်ကျဖို့ကောင်းတယ် ။ တစ်ကြိမ်ထက်ပိုပြီး ဖြစ်ပျက်တဲ့ကိစ္စမှန်သမျှ မှာ ၀မ်းနည်းစရာမရှိသလို ပျော်ရွှင်စရာလည်းမရှိတော့ဘူး ။ ၀မ်းနည်းပူဆွေးးစရာတွေကို ပစ္စုပ္ပန်ကို သယ်ဆောင်မလာပါနဲ့ ။ ဖြစ်ပြီးခဲ့တဲ့ ပူလောင်သောကတွေကို ဖြစ်ပျက်ခဲ့တဲ့အချိန်အခိုက်အတန့်လေးမှာပဲ အားပါးတရ ငိုကြွေးပြီး ထားခဲ့လိုက်ပါ ။

ယခုလက်ရှိ အချိန်ထိ သယ်ဆောင်မလာပါနဲ့ ။ အလားတူပဲ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကိုလည်း ယခုအချိန်ထိ သယ်ဆောင်မလာပါနဲ့ ။ ကျွန်တော်တို့အားလုံးမှာ မနက်ဖြန်အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်မဟုတ်လား ။

သက်တန့်ချို
တိုတိုထွာထွာ ဘာသာပြန်သည် ။


source: https://www.facebook.com/pages/pages/သက်တန်ချို
Monday, May 21, 2012 - 0 comments

ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက်

သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
  '  စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။

အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။

Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။

Thursday, May 3, 2012 - 0 comments

ကျွန်ဖတ်ဖို့ (၃၆)

(၁)
အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူးသူတစ်ပါးကို မျက်စိစုံမှိတ်အားကျတယ်၊ မျက်စိစုံမှိတ် လိုချင်တောင့်တတယ်။ ပျော်ရွှင်ခြင်းကို ကိုယ့်အနားကနေ ပုခုံးချင်းတိုက်ဖြတ်ကျော်စေကြတယ်။

တကယ်တော့ ဘယ်လိုအခြေအနေမှာပဲ ရှင်သန်ရှင်သန်.... ဖြောင့်မှန်တဲ့ စိတ်နှလုံးတစ်စုံရှိမယ်ရောင့်ရဲ့တင့်တိမ်တတ်မယ်၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝကပျော်ရွှင်ပါတယ်

ပျော်ရွှင်ခြင်းဆိုတာ သင့်မှာပိုင်ဆိုင်မှု ဘယ်လောက်များတယ်ရာထူးဂုဏ်အရှိန် ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ တိုင်းတာ,တာမဟုတ်ပါဘူး

လူတွေနဲ့ သင့်မြတ်အောင်ပေါင်းတယ်၊ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်ရှိတယ်ကျန်းမာတဲ့ခန္ဓာကိုယ်ရှိရင် လူကိုပျော်ရွှင်စေပါတယ်။