Thursday, May 7, 2009 - 0 comments

အိပြောတဲ့ မင်းခိုက်စိုးစန် ပုံပြင်

အောင်အောင်ရေ
အခု မင်းခိုက်စိုးစန် ပြောပြမယ်။ နေပျော်တဲ့ဘ၀ဆိုတာ ဘာလဲလို့မေးထားတယ်။
အဲဒီဘ၀ကိုရောက်ဖို့ နေရာတစ်နေရာကနေ တစ်နေ၇ာကို စွန့်စားပြီးသွားရမယ်
ဆိုရင် သွားမလား၊ မသွားဖူးလားတဲ့။ အခုလက်ရှိဘ၀မှာဘဲ
နေပျော်အောင်နေမလားတဲ့။ အိခဏခဏပြောဖူးတယ်လေ။ ဘယ်လိုနေ၇ာ၊
ဘယ်လိုအခြေအနေနဲ့ နေရင် နေပျော်မလဲလို့လေ။
သူ့စာထဲမှာ သူငယ်ချင်းသုံးယောက်ရှိတယ်တဲ့။ တစ်ယောက်က ရေထမ်းရောင်းတယ်။
တစ်ယောက်က ဓာတ်ဆီရောင်းတယ်။ တစ်ယောက်ကထော်လာဂျီပိုင်တယ်။

သူကတော့ပစည်းတွေဟိုသယ်ဒီသယ်လုပ်
ပေးတာပေါ့။ တစ်နေ့ကျတော့သူတို့ရွာထဲကို
ဆင်ရိုင်းအုပ်ကြီးဖြတ်သွားတယ်တဲ့။ သူတို့ရွာတွေပျက်စီးကုန်တယ်။
အဲဒီတော့သူတို့စဉ်းစားတယ်။ ဒီရွာမှာမနေဘဲ ပြောင်းမယ်ပေါ့။
သူတို့ကြားဖူးတယ် ဒီရွာကိုကျော်ရင် သဲကနာရရှိတယ်။ ဒါကိုကျော်ရင်
အရမ်းလှပပြီး သာယာဝပြောတဲ့ရွာရှိတယ်တဲ့။ ဒါပေမယ့်
ဘယ်သူမှမရောက်ဖူးဖူးတဲ့။

အဲဒီတော့သူတို့သုံးယောက်ကစဉ်းစားပြီးသွားကြည့်မယ်ပေါ့။ အဲဒါနဲ့
ရေရောင်းတဲ့သူက ရေတွေယူလာမယ်။ ထော်လာဂျီသမားကထော်လာဂျီိစိုက်တယ်။
ဓာတ်စီသမားက ဓာတ်စီစိုက်တယ်။ ခရီးသွားရင်းနဲ့တစ်နေရာမှာ နားတာပေါ့။
အဲဒီမှာ တိရိစာန်ရိုင်းတွေနဲ့တွေ့တော့ပြေးလိုက်လွှားလိုက်နဲ့ ရေတွေရော၊
ဓာတ်စီတွေရောကုန်သွားတယ်။ အဲဒီမှာ ရေရောင်းတဲ့သူကစိတ်ဓာတ်ကျပြီးတော့
ပြန်သွားတယ်။ ဟိုမှာဘဲ ရေရောင်းစားတော့မယ်တဲ့။ အဲဒါနဲ့ နှစ်ယောက်ဘဲ
ဆက်သွားရင်းနဲ့ အဲဒီရွာကိုရောက်သွားတယ်။ 

သူတို့တွေ အရမ်းပြောပြီးနေတာပေါ့။ အစစအရာရာ အဆင်ပြေတာကိုး။ တပတ်လောက်ကြာတော့
ထော်လာဂျီသမားက ပျင်းလာပြီးသူတို့ရွာကိုဘဲ ပြန်တော့မယ်တဲ့။
သူတို့ရွာကိုရောက်ရင် ရွာသားတွေကို
အခုသူရောက်ခဲ့ရင်ရွာအကြောင်းပြောပြမယ်။

သွားချင်တဲ့သူတွေကိုလဲလိုက်ပို့ပေးမယ်တဲ့။ အဲလိုနဲ့ ဓာတ်ဆီရောင်းတဲ့သူဘဲ
ကျန်ခဲ့တယ်။ ဒါပေမယ် သူတို့ရွေးချယ်တဲ့ဘ၀မှာလဲ သူတို့မပျော်ကြဘူးတဲ့။
ရေရောင်းတဲ့သူကလည်း အခုဆိုရင် သူ့သူငယ်ချင်းတော့ဒုကရောက်နေပြီ
အသစ်ရှာချင်တာကိုးလို့တွေးတယ်။ ထော်လာဂျီသမားကလည်း သူ့သူငယ်ချင်းတွေက
ငါ့လိုစိတ်ဓာတ်မရှိကြဘူး။ မရောက်ဖူးတဲ့လူတွေလိုက်ပို့ပေးတဲ့
ငါ့စိတ်ဓာတ်ကအကောင်းဆိုးတဲ့။ ဟိုဓာတ်ဆီသမားကလည်း
သူတို့တွေကမစွန့်စားရဲလို့ ငါ့ကိုကောင်းကောင်းမွန်မွန်မနေရဘူးတဲ့။
သူတို့သုံးယောက်စလုံးကကိုယ်စီအတွေးတွေနဲ့ပေါ့။

နောက်ဆုံးစာရေးဆရာပြောတာက နေပျော်တဲ့ဘ၀ဆိုတာ
သူများတွေဘယ်လိုနေလဲဆိုတာမတွေးဘဲ ကိုယ့်နေချင်တဲ့နေရာ၊
ကိုယ့်အခြေအနေပေါ်မှာ အကောင်းဆုံးရွေးချယ်ပြီး နေပျော်အောင်
ကြိုးစားတာတဲ့။


မင်းခိုက်စိုးစန်

0 comments: