Friday, September 11, 2009 - 0 comments

မောင်လှမျိုး (ချင်းချောင်းခြံ)

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနည်းမှုတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ကြည့်စမ်းပါဦး
မင်းနဲ့ ခွဲခွာရမယ်ဆိုတဲ့အသိက
ရင်မချိအောင်ခံစားရပုံများ
ဘာစကားမှ ပြောမထွက်ခဲ့ဘူး
အိမ်မက်ထဲမှာ
တွေ့ဖို့မဆိုထားနဲ့
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်းက ခုန်ဖို့အတွက်
မမြဲနိုးထနေပါတယ်
မင်းကိုနှုတ်ဆက်ဖို့
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ရစ်ဖို့
ငါ့မျက်လုံးတွေေ၀၀ါးနေရပြီ
အဲဒါ. . .
မျက်ရည်တွေလားဟင် !

မောင်လှမျိုး (ချင်းချောင်းခြံ)

0 comments: