Wednesday, September 30, 2009 - 0 comments

ဘ၀ကိုအရှုံးမပေးပဲရင်ဆိုင်အနိုင်ယူသူ

ဘ၀ကိုအရှုံးမပေးပဲရင်ဆိုင်အနိုင်ယူသူ
မွေးကတည်းကခြေထောက်နှင်.လက်များပါမလာခဲ.သောသြစတေးလျနိုင်ငံဖွားအမေရိကန်
နိုင်ငံတွင်နေထိုင်သူတစ်ယောက်သည်သူ၏မွေးရာပါချွတ်ယွင်းမှုကြောင်.ဘ၀ကိုအရှုံးမပေးပဲကြံ.ခိုင်
သောစိတ်ဓါတ်ဖြင်.ကြိုးစားအားထုတ်ခဲ.မှုကြောင်.ယနေ.အသက် ၂၆ နှစ်အရွယ်တွင်လက်
ခြေများမရှိလင်.ကစားသူ.အနေဖြင်.ဘောလုံးကစားနိုင်၊ဂေါက်သီးရိုက်နိုင်၊ရေကူးနိုင်၊ရေလွှာ
လျှောစီးနိုင်ပြီဖြစ်သည်။

Nick ငယ်စဉ်က...
Nick at school as a ten-year-old child. His parents decided not to send him to a special school - a decision he said was very hard for him, but which may have been the best decision they could have made for him
Friday, September 25, 2009 - 0 comments

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား

အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။

Friday, September 18, 2009 - 0 comments

အောင်စိတ်ဖြင့်ထူးချွန်စွာ..

ဆီးနှင်းမုန်တိုင်းကျနေစဉ် လူတစ်ယောက် မုန်တိုင်းထဲမှာ ရောက်နေသည်။ ဖြူဖွေးသော
နှင်းဖတ်များ လမ်းပေါ်သို့ ထူထပ်စွာကျနေသည်။ အေးလွန်းသော လေပြင်းကလည်း အရိုး ကွဲမတတ်တိုက်ခတ်နေသည်။ အိမ်တိုင်း အိမ်တိုင်းတံခါးများကိုလေမတိုး နှင်းမ၀င် နိုင်အောင် အခိုင်အမာပိတ်ထားကြသည်။ မုန်တိုင်းမိနေသူမှာ တစ်အိမ်ဝင်အိမ်တွင် ၀င်ရောက်နားခိုခွင့် မရလျှင် နှင်းမုန်တိုင်းထဲမှာ သွေးခဲ၍သေလိမ့်မည်။

လူလေးမျိုး…

လူလေးမျိုးတဲ့.. ။ လူ.. လူချင်း.. တူတာတောင်မှ လေးမျိုးခွဲခြား ထားပါတယ်။
လူအများစု ကတော့ ထင်ကြမယ်..။ ဘာတွေများ ကွဲသလဲပေါ့..။ ဘုရားရှင် ဟောကြားခဲ့တဲ့
လူလေးမျိုးကတော့ တော်တော်လေးကို ကွဲပါတယ်။ စာဖတ်သူလည်း လူလေးမျိုး ဆိုတာကို
သိပြီးရင် ကိုယ်ဟာ ဘယ်လိုလူမျိုးထဲမှာ ပါတယ်ဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီး
ကောင်းသထက် ကောင်းအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ လူစစ်စစ် ဖြစ်ဖို့..
အပါယ်တံခါး ပိတ်ဖို့.. ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာလေး
ဘုရားရှင် ဟောကြားခဲ့တဲ့ လူလေးမျိုးနဲ့ တိုက်ကြည့်ကြရအောင်..။ အရင်ဆုံး
လူလေးမျိုးနဲ့ မိတ်ဆက်ပေးပါ့မယ်..။ လူ(၄)မျိုးက ဘာတွေလဲဆိုတော့…

ဆရာတစ်ယောက်၏ ဆုံးမစကား

ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။
အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ
မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က
သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင်
လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။
ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု
ရှိပါတယ်။

ခင်မင်မှု သံမှိုများ

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

လူတော် လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

လူငယ်တစ်ယောက်(သို့) သားတစ်ယောက်ရဲ့ခံစားချက်…

တစ်ခါတစ်လေ ဘဝကြီးဟာ ရယ်စရာကောင်းတယ်….
လမ်းလျှောက်နေပေမယ့် ချော်လဲကျတတ်တယ်….
ချော်ကျလို့ ကြိုးစားထပေမယ့် တွန်းချတဲ့လူတွေကြောင့် ပြုတ်ကျရပြန်တယ်…
တစ်ခါတစ်လေ ပြန်ထဖို့တောင် ကြောက်နေပြီ….
ထခါနီးမှာ တွန်းချခံရတဲ့အခါ မြင်ရတာက မှောင်မည်းတဲ့ ချောက်ကြီးပဲ….
ကြောက်စရာအပြုံးတွေနဲ့ ပြုံးပြပြီး ငါ့ကိုကြိုဆိုနေကြတယ်…
ငါ ထချင်တယ်… ဒါပေမယ့် ငါ့ခြေထောက်တွေ မထနိုင်တော့ဘူး…
အကြိမ်ကြိမ်ပြုတ်ကျခဲ့လို့ပါ…
ထချင်ပေမယ့်… ဆွဲတင်မယ့်လူတွေ မရှိဘူး….
ဒါပေမယ့် တွန်းချမယ့်သူတွေကတော့ ဝိုင်းနေလို့ပေါ့….

Friday, September 11, 2009 - 0 comments

ဖေမြင့် နှလုံးသား အာဟာရ(2)

မြို့ ကြီးတစ်မြို့ ၏ အ၀င်ဝအနီးသို့ ခရီးသွားတစ်ဦးဆိုက်ရောက်လာသည်။
မြို့ ထဲမ၀င်မီ လမ်းဘေး၌ ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို သူမေးသည်။
'ဒီမြို့ ကလူတွေ ဘယ်လိုစိတ်ထားရှိသလဲဗျ'
အမျိုးသမီး က ပြန်မေးသည် 'ရှင်ထွက်လာတဲ့ မြို့ ကလူတွေကော ဘယ်လိုသဘောမျိုး
ရှိကြသလဲ'
'ဆိုးပဗျာ အင်မတန်ကောက်ကျစ်ယုတ်မာတဲ့သူတွေ၊ လုံးဝမယုံကြည်ရတဲ့သူတွေ၊
ကောင်းကွက်ကို တစက်ကလေးမှမရှိတဲ့သူတွေ " ဟုမဲ့မဲ့ရွဲ့ ရွဲ့  ပြန်ဖြေလေသည်။

ထိုအခါ အမျိုးသမီးက "ဒီမြို့ ထဲကလူတွေလဲ အဲဒီပုံစံအတိုင်းဘဲမြင်ရမှာပါ'
ဟုဖြေလိုက်သည်။ များမကြာမီ နောက်ခရီးသည်တစ်ယောက်မြို့ နားရောက်လာပြန်ကာ
အမျိုးသမီးအားမေးပြန်သည်။
ဒီိအခါအမျိုးသမီးက ပထမခရီးသည်တုန်းကအတိုင်း မေးပြန်သည်။
ထိုအခါ ' အင်မတန် စိတ်သဘောထားကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊အလုပ်ကြိုးစားတယ်၊
သူမတူအောင်ရက်ရောတယ်၊အဲဒီကထွက်လာရတာစိတ်မကောင်းဘူး' ဟု ပြန်ပြောလေသည်။

ထိုအခါ ပညာရှိအမျိုးသမီး ပြန်ဖြေလိုက်သည်မှာ
' ရှေ့ က မြို့ ထဲမှာလဲ အဲဒီလိုလူမျိုးတွေဘဲ ရှင်တွေ
့ရမှာပါ'ဟုပြန်ဖြေလိုက်သည်။

ဖေမြင့် ရဲ့ နှလုံးသား အာဟာရ ရသစာများ(2)
- 0 comments

မောင်လှမျိုး (ချင်းချောင်းခြံ)

ငိုလို့မရတော့တဲ့
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
ဝမ်းနည်းမှုတွေ ကုန်ခမ်းသွားပြီလို့
မင်းထင်ရက်သလား
ကြည့်စမ်းပါဦး
မင်းနဲ့ ခွဲခွာရမယ်ဆိုတဲ့အသိက
ရင်မချိအောင်ခံစားရပုံများ
ဘာစကားမှ ပြောမထွက်ခဲ့ဘူး
အိမ်မက်ထဲမှာ
တွေ့ဖို့မဆိုထားနဲ့
အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့
ငါ့ရဲ့ညတွေဟာ
မင်းက ခုန်ဖို့အတွက်
မမြဲနိုးထနေပါတယ်
မင်းကိုနှုတ်ဆက်ဖို့
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ရစ်ဖို့
ငါ့မျက်လုံးတွေေ၀၀ါးနေရပြီ
အဲဒါ. . .
မျက်ရည်တွေလားဟင် !

မောင်လှမျိုး (ချင်းချောင်းခြံ)
Thursday, September 10, 2009 - 0 comments

မောင်လှမျိုး( ချင်းချောင်းခြံ )

ကိုယ်ကြောင့် သူတစ်ဖက်သားမှာထိခိုက်သွားမှာလား ဆိုတာလေးကို ငဲ့ညှာတဲ့ စိတ်နဲ့ စဉ်းစား တတ်တဲ့ သူဟာ သူ့ ကိုယ်သူ လေးစားမှုပိုရှိမှာပဲ… အဲသလို ငဲ့ညှာမှု ငဲ့ညှာတတ်တယ်လို့  ပတ်ဝန်းကျင်က သိရင်လည်း သူ့ ကိုလေးစားကြမှာပဲ … ဆုံးရှုံးလက်စနဲ့ ဆုံးရှုံးပါစေဆိုပြီး မျှောပစ်လိုက်မယ့်အစား ဆုံးရှုံးတာဟာ အင်အားတစ်ခုလို့  သတ်မှတ်ပြီး တိုးတက်မှုကို ရှာစေချင်တယ် ၊ အရာရာမပြည့်စုံရင် တစ်ခုခုတော့  ပြည့်စုံရမှာပေါ့  …

မောင်လှမျိုး( ချင်းချောင်းခြံ )

- 0 comments

မောင်လှမျိုး (ချင်းချောင်းခြံ)

မျိုသိပ်ပါများလို့
အ သွားရတဲ့ လူတစ်ယောက်ပါ
အိပ်ယာဝင်ဖို့ သတိရပေမယ့်
အိမ်မက်ဒဏ် မခံနိုင်လို့
အအိပ်ပျက်ခဲ့ရတဲ့ လူတစ်ယောက်ပါ
ချစ်ဖို့ကိုမဆိုထားနဲ့
သံယောဇဉ်ဒဏ်မခံနိုင်လို့
အရာရာကို ကျောခိုင်းပစ်ချင်တဲ့
ခပ်ညစ်ညစ် လူယောက်ပါ
မချစ်လို့ တော့မဟုတ်ပါဘူး
ချစ်ပြီးမှာ ခွဲရမယ့် ဒဏ်မခံနိုင်လို့
သံစဉ်တွေ ရှိရဲ့နဲ့
ဂီတာကို ရိုက်ချိုးမိတဲ့
မပ်မိုက်မိုက် လူတစ်ယောက်ပါ
နောက်တော့မှ
ချစ်တယ်လို့ပြောမယ်
လောလေဆယ် စံပါယ်တစ်ပွင့်ပေး။ ။


မောင်လှမျိုး (ချင်းချောင်းခြံ)

သတ္တိလိုတယ်၊ ၁၀၀%.

ဟေး သူငယ်ချင်း..
စိတ်ပျက်မနေနဲ့။ ငိုညည်းမနေနဲ့။
ရယ်မောလိုက်စမ်းပါ။

လုပ်စရာရှိတာ လုပ်နိုင်ဖို့လိုရင်းပဲ။
လူငယ်ဆိုတာ ကြိုးစားသူ အောင်မြင်တာပဲ။
စိတ်ပျက်စရာရှိရင် မင်းဘေးမှာ
(မင်းသူငယ်ချင်းအဖြစ်) အမြဲရှိမယ်။
စိတ်ညစ်စရာများ အိမ်မက်ထဲတောင်သယ်မသွားနဲ့။
ရင်ကော့လို့ နေသွားစမ်းပါ ။

Tuesday, September 8, 2009 - 0 comments

When u r father...

Don't Give up

တစ်ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ
ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး
မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး
မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

goodbye ဆိုတာ ...

ဒ်ီပွဲမှာ ကျွန်တော်ရှုံးတယ်လို့၊
ဘယ်သူဆုံးဖြတ်တာလဲ။
မေမေ့ကို ပြောပေးပါ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့တာပါလို့၊
သူတို့နားလည်အောင်က ကျွန်တော်မပြောတတ်ပေမဲ့၊
ကျွန်တော်မရှုံးခဲ့ဘူး ဆိုတာ မေမေနားလည်ပေးမှာပါ။


ကျွန်တော် မရှုံးပါဘူး။
ကျွန်တော့်အတွက် မျက်ရည်မကျပါနဲ့ မေမေ။
ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။
စကားလုံးတွေကို ကျွန်တော်ထုတ်မပြောတတ်လည်း၊
ဒီနေ့ ပြီးဆုံးခြင်းဟာ မနက်ဖြန်ကို ကြိုဆိုခြင်းဆိုတာ၊
မေမေတို့နားလည်ပေးနေမယ်လို့ မျှော်လင့်ပါတယ်။


ဒီနေ့ရဲ့goodbye ဆိုတာ
မနက်ဖြန်ရဲ့ နေရောင်ခြည်ပါ။
ကျွန်တော့်ကို
နောက်တကြိမ် အခွင့်အရေး သူတို့ပေးရဦးမှာပါ မေမေ

Ref: forwarding Email