Sunday, May 11, 2014 - 0 comments

အမေများနေ့ အမှတ်တရ

"ပတ်ဝန်းကျင်က ငါ့သားကို မော့်ကြည်ပြီဆိုရင်.... အမေအားလုံးကိုနိုင်ပြီ "  - [ အမေ့နို့ဖိုး ]
Wednesday, May 7, 2014 - 0 comments

ဘီလျံနာသူဌေးကြီး၏ ကြီးပွားချမ်းသာရေးနည်းလမ်းများ


Warren Buffett
Warren Buffet ဟာ လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံး (၁၀)ဦး စာရင်းဝင် ဘီလျံနာ သူဌေးကြီးဖြစ်ပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ဂုရုကြီး တစ်ပါးဖြစ်ပါတယ်။ နောက်ဆုံးစာရင်းဇယားများ အရ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၄၇)ဘီလျံရှိပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာရေး နည်းလမ်း (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရရှိတဲ့ အမြတ်အစွန်းတွေပြန်လည်ရင်းနှီးမြှုပ်နှံပါကို
လူတွေက ငွေကြေးအမြတ်လေး ရလာပြီဆိုတာနဲ့ သုံးပစ်ချင်ကြတယ်။ မသုံးပါနဲ့။ အဲဒီအမြတ်ငွေတွေကို ပြန်လည်ရင်းနှီး မြှုပ်နှံပါ။ ဒီသဘောတရားကို ၀ါးရင်း ငယ်ငယ်ထဲက သိခဲ့တာပါ။ ကျောင်းသားဘ၀တုန်းက သူနဲ့ သူ့သူငယ်ချင်း ဖက်စပ်ပြီး Pinball ကစားတဲ့စက်တစ်လုံး ၀ယ်ယူပြီး စီးပွားလုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီက ရလာတဲ့အကျိုးအမြတ်တွေကို နောက်ထပ်စက် (၈)လုံးအထိ ထပ်မံဝယ်ယူ မြှုပ်နှံခဲ့ပါတယ်။ သူတို့အဲဒီလုပ်ငန်းတွေကို ရောင်းချခဲ့ပြီးနောက် ရလာတဲ့ငွေနဲ့ ၀ါးရင်းဟာ စတော့ရှယ်ယာတွေ ၀ယ်ယူပြီး အခြားစီးပွားရေးလုပ်ငန်းငယ်လေးတွေ စတင်ခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ် ရောက်ချိန်မှာ ဒေါ်လာ ၁၇၄ ၀၀၀ (အခုခေတ်တန်ဖိုး ဒေါ်လာ ၁.၄ သန်း) ပိုင်ဆိုင်နေခဲ့ပါပြီ။ ငွေပမာဏ နည်းနည်းလေး ရှိရင်တောင် ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေပါတယ်။