Friday, April 3, 2009 - 0 comments

မှန်တင်ခုံ

မကျေနပ်ဘူး ..လို့
ပြောနေရုံနဲ့
ကျေနပ်စရာ ကောင်းလာမှာ မဟုတ်ဘူး။
ကိုယ် ..ကိုယ်တိုင်က
ချိုမိုင်မိုင်လောက် က,တတ်ပြီး
ထိုင်ရာက, မထ
တစ်လက်မ, လောက်သာ
မြင်နေတာလား
စဉ်းစား။
မိုင်ပေါင်းများစွာ တွေးမြင်ရင်
မိုင်ပေါင်းများစွာ ထ, လျှောက်
လမ်းဘေးက
ပန်းဆွေးတွေကို ထားခဲ့။
ညံ့တဲ့သူတွေ
ညံ့တဲ့နေရာမှာ .. နေ
တော်ချင်တဲ့ သူတွေ
တော်မဲ့နေရာကို ..သွား
ရှေ့ကို ရောက်တဲ့အခါ
နောက်မှာ ကျန်ခဲ့တဲ့
မကျေနပ်စရာတွေ ....
သူ့အလိုလို သေသွားလိမ့်မယ်။
မကျေနပ်ဘူး ..လို့
အော်ပြောနေရုံနဲ့
ကျေနပ်စရာ ဖြစ်လာမှာမှ မဟုတ်ဘဲ။
ကိုယ်, တော်ရင် ...
ဘယ်အရာမဆို ကျော်နိုင်ရမယ်။

မောင်လှမျိုး(ခြင်ချောင်းခြံ)

0 comments: