Friday, December 4, 2009 - 0 comments

လင်းလက်တဲ့ ချစ်မီးအိမ်

မိဘနှစ်ပါးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတတ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးကို ငယ်ငယ်လေးတည်းက သူလေးစားအားကျခဲ့တယ်။ အဖေက သူတို့မြို့မှာ နာမည်ကြီးပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီပြပွဲတွေ ကြိမ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသူဖြစ်တယ်။ အမေ့အပေါ် အသေးအဖွဲ့ကအစ ဂရုစိုက်တတ်တဲ့အဖေရဲ့ ချစ်ခင်မြတ်နိုးမှုကို သူနှိုင်းမပြတတ်ခဲ့ဘူး။ အဖေ့လိုမြင့်မြတ်တဲ့ ယောက်ျားတစ်ဦးရဲ့ ချစ်ခြင်းကိုပိုင်ဆိုင်ထားရလို့ အမေကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးလို့ သူမကြာခဏ တွေးထင်မိတယ်။