Wednesday, June 27, 2012 - 0 comments

အချစ်ဗေဒင်

တယောက်ထဲ
လျှောက်တဲ့….လမ်း
နှစ်ယောက်တွဲလျှောက်လို့
ပိုကြမ်းသွားသနိုင်လား။

ခုလုတ်တိုက်မှာကြောက်ရင်
လမ်းမလျှောက်ပါနဲ့
ဆူးစူးမှာစိုးရင်
တောမတိုးပါနဲ့
ပန်းကြွေမှာမခံနိုင်ရင်
ပန်းဆင်ဖို့မစဉ်စားပါနဲ့။

တခုခုကို ဆုံးရှုံး မှာ ကြောက်သူတိုင်း
အမြတ်နိုးဆုံးကို ဆုံးရှုံးရတတ်တယ်။

အချစ်ရှိလျှက် ချစ်သူလက်
တွဲဖို့ခက်ရင်
ဒီ…….တသက်တော့
ဒို့…………..ဝေးပြီ။။။။။။။။။။

မောင်လှမျိုး(ချင်းချောင်းခြံ)

0 comments: