Friday, April 24, 2015 - 0 comments

သန်းပေါင်းများစွာကြွယ်ဝသူဖြစ်လာနိုင်ရန် လျှို့ ဝှက် ချက် (၇)ချက်

ပထမဦးဆုံးအချက်အနေဖြင့် မိမိကိုယ်ကိုသန်းကြွယ်တဦးဖြစ်ရရုံ စံမထားပဲ သန်းပေါင်းများစွာကြွယ်ဝသူဖြစ်လာစေရန် စံထားရန်လိုအပ်မည်ဖြစ်သည်။

လူအများအားဖြင့် သန်းကြွယ်သူဌေးတဦးဖြစ်ရုံဖြင့် ငွေရေးကြေးရေးဖူလုံနိုင်မည်ဟုထင်မြင်ကောင်းထင်မြင်မိနိုင်သော်လည်း ကမ္ဘာ့စီးပွားရေးအရ၊နိုင်ငံ၏အစိုးအရ၊ ဈေးကွက်အခြေနေပေါ်မူတည်၍ဒေါ်လာတသန်းဟူသော
ငွေကြေးတန်ဖိုးမှာ မိသားစုတစုအတွက်ချမ်းသာသည်ဟုသတ်မှတ်ရန်မှာခက်ခဲနိုင်ပေလိမ့်မည်။

လွန်ခဲ့သောနှစ်က Fidelity Investmentsရဲ့သန်းကြွယ် သူဌေးများကိုလေ့လာမှုအရ ၄၂ရာခိုင်နှုန်းသောထိုသူတွေက ဒေါ်လာ ၇.၅သန်းအထက်မျှရှိမှာ သာလျှင်စတင်ချမ်းသာလာပြီဟုခံယူနိုင်ကြောင်းဖေါ်ပြထားသည်။

ကဲမိတ်ဆွေတို့ကိုမူရင်းရေးသားသူက သန်းပေါင်းများစွာကြွယ်ဝသူများဖြစ်လာနိုင်စေရန် အကြံအဥာဏ်ကောင်းများပေးထားပုံကို Mr. Guy(World Myanmar)မှတင်ဆက်ပေးပါရစေ။

၁) သန်းပေါင်းများစွာကြွယ်ဝသူတဦးဖြစ်လာစေရန်ဆုံးဖြတ်ချက်ချပါ- ပထမဦးဆုံးအနေဖြင့်မိမိကိုယ်ကို သန်းပေါင်းများစွာချမ်းသာလာနိုင်သည့်လူတဦးလို့မှတ်ယူထားကာ အကြံဥာဏ်များထုတ်ကာ အလုပ်ကိုအလွန်ကြိုးစားပြီး ပိုင်ဆိုင်မှုများစွာရှိလားအောင်ဖန်တီးယူပါ။
ပထမအချက်အနေဖြင့် ဆုံးဖြတ်ချက်ချပြီး ရည်မှန်းချက်ကိုဦးတည်ပါ။ ကျွန်တော်လွန်လေပြီးသောကာလက နေ့စဉ်နေ့တိုင်းဒေါ်လာသန်းတရာကျော်ပိုင်ဆိုင်သူတဦး ဟုချရေးထားလေ့ရှိသည်။
Thursday, April 23, 2015 - 0 comments

အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ

အမြင့်ပျံတဲ့ ငှက်တွေကို တွေးဖူးမယ်ထင်ပါတယ်။ ငှက်တွေမှာ အမြင့်ကို ပျံသန်းနိုင်ဖို့  အရှိန်အနည်းငယ်ယူပြီး ပြန်ရတဲ့ ငှက်တွေနဲ့ 
အရှိန်တော်တော်ယူပြီးမှ ပြန်နိုင်တဲ့ ငှက်တွေဆိုပြီး ရှိကြတယ်။ တို့ ငယ်ငယ်က ပုံပြင်ထဲမှာ ကြားဖူးတဲ့ ငှက်ကြီးဝင်ဗိုလ်အမျိုးအစား
ထဲမှာပါတဲ့ ငှက်ကျားကြီးတွေဟာ မြေပြင်ကနေ ၃ ကြိမ်လောက်ခုန်သွားပြီးမှ အထက်ကို ပျံတက်လို့ ရတယ်။

ဒါတွေကို သာဓကယူပြီး လူတွေအပေါ်ကို ကြည့်လို့ ရနိုင်ပါတယ်။ အထက်အမြင့်ကို တက်ဖို့  လူတိုင်းကတော့ စွမ်းအားကိုယ်စီ
သုံးရတယ်လေ။ ဘ၀အခြေအနေပေါ်မှာ မူတည်ပြီး ရုံးကန်မှု အနည်း၊ အများ ကွာခြားသွားတာပေါ့။ ပင်ကိုယ်ပြီးပြည့်စုံတဲ့ မိသားစု
က ပေါက်ဖွားလာတဲ့သူတွေကတော့ အောက်ကတွန်းတင်ပေးမယ့်သူ၊ အထက်က ဆွဲတင်ပေးမယ့်သူတွေနဲ့ ဆိုတော့ စွမ်းအားသိပ်
မသုံးရဘူးပေါ့။

ဘ၀ပေးအခြေနေ မကောင်းလို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေများကြတော့ ဘာနဲ့ တူလည်း ဆိုတော့ ဟို ငှက်
ကျားကြီးတွေလိုပဲ။ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ခုန်(တနည်း)တဆင့်ပြီး၊ တဆင့်နဲ့  အမြင့်ကို တက်ရတာပေါ့။ ရည်ရွယ်ထားတာလေးတွေ
ကို အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ ဖြစ်ပါတယ်။


ဖိုးသူတော်  (www.phothutaw.com)

Credit : True Man

Ref:  www.phothutaw.com