Thursday, April 23, 2015 - 0 comments

အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ

အမြင့်ပျံတဲ့ ငှက်တွေကို တွေးဖူးမယ်ထင်ပါတယ်။ ငှက်တွေမှာ အမြင့်ကို ပျံသန်းနိုင်ဖို့  အရှိန်အနည်းငယ်ယူပြီး ပြန်ရတဲ့ ငှက်တွေနဲ့ 
အရှိန်တော်တော်ယူပြီးမှ ပြန်နိုင်တဲ့ ငှက်တွေဆိုပြီး ရှိကြတယ်။ တို့ ငယ်ငယ်က ပုံပြင်ထဲမှာ ကြားဖူးတဲ့ ငှက်ကြီးဝင်ဗိုလ်အမျိုးအစား
ထဲမှာပါတဲ့ ငှက်ကျားကြီးတွေဟာ မြေပြင်ကနေ ၃ ကြိမ်လောက်ခုန်သွားပြီးမှ အထက်ကို ပျံတက်လို့ ရတယ်။

ဒါတွေကို သာဓကယူပြီး လူတွေအပေါ်ကို ကြည့်လို့ ရနိုင်ပါတယ်။ အထက်အမြင့်ကို တက်ဖို့  လူတိုင်းကတော့ စွမ်းအားကိုယ်စီ
သုံးရတယ်လေ။ ဘ၀အခြေအနေပေါ်မှာ မူတည်ပြီး ရုံးကန်မှု အနည်း၊ အများ ကွာခြားသွားတာပေါ့။ ပင်ကိုယ်ပြီးပြည့်စုံတဲ့ မိသားစု
က ပေါက်ဖွားလာတဲ့သူတွေကတော့ အောက်ကတွန်းတင်ပေးမယ့်သူ၊ အထက်က ဆွဲတင်ပေးမယ့်သူတွေနဲ့ ဆိုတော့ စွမ်းအားသိပ်
မသုံးရဘူးပေါ့။

ဘ၀ပေးအခြေနေ မကောင်းလို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေများကြတော့ ဘာနဲ့ တူလည်း ဆိုတော့ ဟို ငှက်
ကျားကြီးတွေလိုပဲ။ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ခုန်(တနည်း)တဆင့်ပြီး၊ တဆင့်နဲ့  အမြင့်ကို တက်ရတာပေါ့။ ရည်ရွယ်ထားတာလေးတွေ
ကို အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ ဖြစ်ပါတယ်။


ဖိုးသူတော်  (www.phothutaw.com)

Credit : True Man

Ref:  www.phothutaw.com

0 comments: