Saturday, June 20, 2015 - 0 comments

ကြောက်စိတ်(Fear)ကိုဘယ်လိုဖျောက်မလဲ။


စာအုပ်တအုပ်မှာ.ဖတ်ဖူးတယ်။.အမေရိကန်အာကာသယာဉ်မှူးတွေကို.ဒုံးပျံနဲ့အာကာသထဲ
မလွှတ်ခင်မဖြစ်မနေကျင့်ပေးတဲ့လေ့ကျင့်မှုတခုကတော့.ကြောက်စိတ်မရှိအောင်
လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ......။

လူဆိုတာ.ကြောက်စိတ်ဝင်လာရင်.ခေါင်းထဲမှာပူထူနေပြီး.အမှား.အမှန်ကိုဝေခွဲမသိမြင်နိုင်တော့ဘူး။
အမှားအယွင်းတွေလုပ်မိတတ်တယ်။သွေးရူးသွေးတမ်းနဲ့မလုပ်သင့်တာတွေလုပ်တတ်တယ်။
ကမ္ဘာကြီးနဲ့.မိုင်ပေါင်းသိန်းသောင်းချီဝေးတဲ့အာကာသထဲမှာ.ရောက်နေတဲ့အာကာသယဉ်ထဲက
ယဉ်မှူးတယောက်ဟာကြောက်စိတ်ဝင်လာလို့.အမှားအယွင်းတွေလုပ်မိမယ်။
စက်ခလုတ်တွေမှားနှိပ်မိမယ်ဆိုရင် ဘာဖြစ်သွားမလဲ။


အာကာသယဉ်ဟာ.ဦးတည်ချက်ဖြစ်တဲ့လကမာ(သို့မဟုတ်)သွားချင်တဲ့ဂြိုဟ်ပေါ်မရောက်ပဲ
တခြားဂြိုဟ်တခုခုဆီရောက်သွားနိုင်သလို ကယ်မဲ့သူကင်းမဲ့နေတဲ့ အာကာသဟင်းလင်းပြင်ကြီး ထဲမှာ အမြဲတမ်းလည်ပတ်နေလိမ့်မယ်။ ဒါမှမဟုတ် အာကာသယဉ် မီးလောင်ပေါက်ကွဲ
ပျက်စီးသွားလိမ့်မယ်။
အမေရိကန်ဒုံးပျံလွှတ်တင်တဲ့နာဆာ(NASA)အဖွဲ့ကြီးဟာငွေသန်းပေါင်းများစွာ
အချိန်တွေအကုန်ခံတည်ဆောက်ထားတဲ့.အာကာသဒုံးပျံယဉ်တခုကိုကြောက်တတ်တဲ့ အာကာသယဉ်မှူးတယောက်ရဲ့လက်ထဲဘယ်လွယ်လွယ်နဲ့အပ်ပေးပါ့မလဲ။
ဒါကြောင့်အာကာသယဉ်မှူးတွေကို.ကြောက်စိတ်ကင်းအောင်လေ့ကျင့်ပေးတယ်။
ဘယ်လိုလေ့ကျင့်ပေးသလဲ။
ဒုံးပျံယဉ်ဟာ အာကာသထဲရောက်သွားရင် ဖြစ်နိုင်တဲ့အခြေအနေတွေဖန်တီးပြီး (simulation)
အဲဒီအချိန်မှာယဉ်မှူးအနေနဲ့ဘာလုပ်ရမလဲဆိုတာပြပေးတယ်။

ဥပမာ...ဒုံးပျံယဉ်မှာ အပူချိန်တက်လာနေရင် ဘာလုပ်ရမလဲ။ ဘယ်ခလုပ်ကိုနိပ် အဲဒါဆိုအအေးပေးနိုင်တဲ့ ပန်ကာတွေစလည်ပြီး... အပူချိန်ကျသွားလိမ့်မယ်။ ယဉ်ခန်းတွင်းမှာ မီလောင်ရင် မီးသတ်ဆေးဘူးဘယ်မှာရှိတယ်။ အဲဒီမီးသတ်ဆေးဘူးနဲ့ဘယ်လိုငြိမ်းရမယ်။ မီးလောင်သွားတဲ့ဝါယာကြိုးတွေကို ဘယ်လိုပြန်ဆက်ပေးရမယ် စသဖြင့်ပေါ့။ ကျင့်ပေးတာ တကြိမ်၂ကြိမ်မဟုတ်ဖူး။ အကြိမ်ပေါင်းရာချီကျင့်ပေးတာ နောက်ဆုံးယဉ်မှူးဟာ လုံးဝစဉ်းစားစရာမလိုတော့ပဲ သူ့စိတ်ထဲကအလိုအလျောက် သွေးအေးအေးနဲ့ လုပ်သွားနိုင်တဲ့အထိကျင့်ပေးတယ်။

အိပ်နေတုံး...ရုတ်တရက်နိုးလိုက်ပြီး.စောစောကကျင့်ထားတာတွေကို မစဉ်းစားပဲလက်က အလိုအလျေက်လုပ်တတ်သွားတဲ့အထိကျင့်ရတယ်။ ဘယ်လိုအခြေအနေနဲ့ကြုံကြုံ
ဖြေရှင်းနိုင်ပြီဖြစ်နေတဲ့အာကာသယဉ်မှူးဟာ ကြောက်စိတ်ရှိပါ့အုံးမလား။
လူတွေမှာ ဘာလို့ကြောက်စိတ်ဝင်လာတာလဲ။ ရင်ဆိုင်ရမဲ့အရာကိုမသိလို ကြုံတွေ့ရမဲ့အခြေအနေနဲ့မရင်းနီး အကျွမ်းမဝင်သေးလို့ကြောက်တာပါ။

 ဥပမာပြောရရင်... မသွားဖူးတဲ့လမ်းခရီးတခုကိုသွားရမယ်။ လမ်းခရီးမှာ ဘာဖြစ်မယ်ဆိုတာ မသိလို့ကြောက်တာပါ။ သွားနေကျလမ်းခရီးကိုကျတော့ မကြောက်တော့ဘူး။ ဘာလို့လဲ အဲဒီလမ်းခရီးကို ကျွမ်းသွားလို့ပေါ့။ ထိုနည်းတူပဲ နိုင်ငံခြားမှာအလုပ်သွားလုပ်မဲ့သူ အလုပ်ခွင်အသစ်ဝင်မဲ့လူတယောက်ဟာနိုင်ငံခြားမှာ အလုပ်ခွင်သစ်မှာ ဘာပြဿနာတွေနဲ့ ရင်ဆိုင်ရမလဲဆိုပြီးကြောက်နေတယ်။ အခြေအနေတခုကို ကြောက်နေရင်
 ကြောက်စိတ်ဖျောက်ဖို့ အာကာသယဉ်မှူးကို လေ့ကျင့်ပေးသလို အဲဒီအခြေအနေနဲ့
ရင်းနှီးကျွမ်းဝင်အောင်လုပ်ပေးရမယ်။

ဥပမာတခုပြောရရင် ဆယ်တန်းကျောင်းသားတယောက်ဟာ ဆယ်တန်းစာမေးပွဲကြီးကို ကြောက်နေတယ်။ သူဟာ စာတွေကို ပိုင်အောင်ကျက် ထားပေမဲ့
 ကြောက်နေတာဘာကြောင့်လဲ။.စာမေးပွဲမှာ အမှားအယွင်းချွတ်ချော်ပြီး မဖြေနိုင်မှာကိုကြောက်နေတာ။ အဲဒါဆိုရင် စာမေးပွဲနဲ့ကျွမ်းဝင်အောင်
လုပ်ထားဖို့လိုပါတယ်။ ဘယ်လိုကျွမ်းဝင်အောင် လုပ်ရမလဲ။ စာမေးပွဲနီးတာနဲ့ အရင်ပြီးခဲ့တဲ့နှစ်တွေက မေးခွန်းဟောင်းတွေကို အခန်းတခုထဲမှာ တကယ်စာမေးပွဲဖြေသလို သတ်မှတ်တဲ့အချိန်အတွင်းဖြေနိုင်အောင်လေ့ကျင့်ဖို့ပါပဲ။ တကြိမ် ဆယ်ကြိမ်မဟုတ်ဖူး။ အကြိမ်ရာချီလေ့ကျင့်ထားမယ်ဆိုရင် တကယ့်စာမေးပွဲကြီးလဲဖြေရော ကြောက်စိတ်ဆိုတာ
မရှိတော့ဘူး။ စိုးရိမ်ပူပန်မှုမရှိတော့ဘူး။ စိတ်လှုပ်ရှားမှုမဖြစ်တော့ဘူး။

အဲဒီတော့ ခေါင်းအေးအေးထားပြီး စာမေးပွဲကိုအကောင်းဆုံးဖြေသွားနိုင်သွားမှာပါ။
ပြောချင်တာက ကြောက်စိတ်ကို အကြိမ်ကြိမ်လေ့ကျင့်ပေးခြင်းနဲ့ဖျောက်လို့ရတယ်ဆိုတာပါ။

 ရေးသားသူ.သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Ref: www.facebook.com

0 comments: