Friday, August 29, 2014 - 0 comments

အကျင့်ဗီဇ နဲ့ အလုပ်အကိုင်


စီးပွားရေး တစ်ခုမှာ မိမိအလုပ်အတွက် အရည်အချင်းအကောင်းမွန်ဆုံးနဲ့ သင့်တော်တဲ့လူတွေရဖို့က အရေးအကြီးဆုံးပဲလို့ ကျွန်တော်ထင်တယ်။ တကယ်လို့ မင်းမှာ အရည်အချင်းပြည့်တဲ့ လူတွေပေါင်းစည်းလုပ်ကိုင် နေရင် မင်းရဲ့ စီးပွားရေးဟာ အချိန်တိုအတွင်းမှာ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာမှ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းအလုပ်အတွက် အရည်အချင်းပြည့်တဲ့ ဝန်ထမ်းကို မင်းအမြဲတမ်း ရဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ပထမဦးဆုံးအနေနဲ့ မင်းအကောင်းဆုံး ဝန်ထမ်းကိုရွေးချယ်မယ်ဆိုရင် ဒီလူရဲ့ အကျင့်စရိုက် နဲ့ ဗီဇ ဟာ မင်း company နဲ့ သဟဇာတ ဖြစ်ဖို့လိုပါတယ်။ လူတစ်ယောက်ကို အရည်အချင်းပြည့်မှီအောင် လုပ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါပေမယ့် သူတို့အကျင့် နဲ့ ဗီဇကို ပြောင်းလဲပေးဖို့ဆိုတာကတော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်လို့ မင်းဟာ တစ်ပါးလူတွေကို အကူအညီပေးနိုင်သူ၊ ပျော်ပျော်ရွင်ရွင်နေတတ်သူ၊ ဂရုစိုက်တတ်သူတွေကို ခေါ်ယူနိုင်ခဲ့ရင်တော့ မင်းရဲ့ စီးပွားရေးဟာ အောင်မြင်တဲ့ စီးပွားရေးတစ်ခု အဖြစ် ရပ်တည်နိုင်မှာပါ။

အကျင့်စရိတ် နဲ့ ဗီဇဟာ လူတစ်ယောက်ချင်းစီရဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာဗျူးတွေမှာ အလုပ်လာလျှောက်သူတွေက ရှက်နေ၊ စိုးရိမ်စိတ်တွေများနေတဲ့အတွက် ဒီအကျင့်စရိုက်တွေကို မင်းသိရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းဟာ မင်းဆုံးဖြတ်ချက်ကိုတော့ ယုံကြည်ဖို့ လိုပါလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်ဟာ ရှက်စိတ်၊ စိုးရိမ်စိတ်တွေ များနေပေမယ့် အကျင့်စရိုက်ကောင်းတွေ ရှိနေတယ်ဆိုရင် မင်းအနေနဲ့ ဒီလူကို ရှက်စိတ်၊ စိုးရိမ်စိတ်တွေ ပျောက်သွားအောင် လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်။ တကယ်လို့ မင်းဟာ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကြိုက်နှစ်သက်တယ်ဆိုပါက အဲ့ဒီလူရဲ့ အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုကို ဒုတိယ အနေနဲ့ လက်ခံပေးသင့်ပါတယ်။ နောက်တစ်ခု အနေနဲ့ မင်းဟာ အံဝင်ဂွင်ကျဖြစ်တတ်သော သူမျိုးကို ထပ်မံရွေးချယ်သင့်ပါတယ်။ ဥပမာ - တကယ်လို့ team တစ်ခုက လူလိုအပ်လာပါက တခြား team က ဒီလို အံဝင်ဂွင်ကျ လုပ်တတ်တယ် လူမျိုးကို ထည့်ဖို့ မင်းမှာ အဆင်သင့်ရှိနေမှာပါပဲ။ အလုပ်တစ်ခုမှာ တစ်ခုခုကို သေသေချာချာ ကျွမ်းကျင်သောလူများ (specialists) ကိုတစ်ခါတစ်ရံ လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်မျိုးစုံ ကိုလုပ်တတ်သောလူများ (versatility) ကိုလည်း လျော့မတွက်သင့်ပါဘူး။

တစ်ချို့ မန်နေဂျာအများစုဟာ qualifications အများအပြားရှိသော သူများကို ကြိုက်နှစ်သက်ပြီး ရွေးတတ်ကြပါတယ်။ ငါကတော့ resume အကုန်လုံးကို ဖတ်ပြီးတဲ့ အချိန်ကျမှ qualifications ကိုကြည့်တယ်။ တကယ်လို့ ဘွဲ့ ၅ ခု ရရှိတဲ့ လူတစ်ယောက်ပေါ့ သူရဲ့ Grades တွေက အကုန် A တွေချည်းပဲ ရတဲ့သူ မင်းဆီမှာ အလုပ်လာလျှောက်ပြီ ဆိုပါဆို့ အဲ့ဒီလူဟာ မင်းအလုပ်အတွက် အသုံးတည့်မယ့် လူတစ်ယောက် မဟုတ်နိုင်ပါဘူး။ တကယ်လို့ ဒီလိုလူတွေဟာ အတွေ့အကြုံမကျယ်ပြန့်ဘူး ပြီးတော့ အကျင့်စရိုက်က မင်းလိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် ဒီလို Grades တွေရပေမယ့် မင်းအလုပ်အတွက်တော့ သုံးစားလို့ရမှာ မဟုတ်ပါဘူး။

ဒါတွေက မင်းအနေနဲ့ team တစ်ခု တည်ဆောက်တော့မယ်ဆိုရင် risk မရှိပဲ တည်ဆောက်နိုင်မယ်လို့ မဆိုလိုပါဘူး။ ပြီးတော့ မင်းအနေနဲ့ ရှေးရိုးစွဲ ဝါဒီကို လက်ကိုင်ထားသူတွေ၊ လူတစ်ဦးတစ်ယောက်ကိုမှ မမှီခိုပဲ တစ်ယောက်တည်း လုပ်ကိုင်ချင်တွေကိုလည်း အလုပ်ခန့်သင့်ရင် ခန့်ရမယ်ဆိုတာ စဉ်းစားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုလူတွေရဲ့ စဉ်းစားပုံတွေက အနည်းငယ် သူများတွေနဲ့ ကွဲပြားခြားနားတယ်ဆိုတာ မှန်ပေမယ့် အဲ့ဒီအချက်တွေက ပြသာနာတွေကို အခွင့်အရေးအဖြစ် မင်း အဖွဲ့အစည်းထဲမှာ ဖန်တီးနိုင်တယ်ဆိုတာ မင်းတွေ့ရမှာပါ။ တစ်ချို့ လူတော်တွေက ပထမဦးဆုံး အကြိမ်မှာ အဖွဲ့အစည်းအတွက် အံဝင်တဲ့ ကိစ္စတွေကို မလုပ်ဆောင်နိုင်ပါဘူး။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချိန်အနည်းငယ် ကျော်လွန်သွားတဲ့ အချိန်မှာပေါ့ သေချာတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မှာပါ။

မင်းအနေနဲ့ မကြာခင်ကမှ ကျောင်းပြီးသားသူတွေ၊ အတွေ့အကြုံမရှိတဲ့သူတွေကို ခန့်ထားတာကလည်း မင်းအလုပ်အတွက် သူတို့ဆီက အားသစ်တွေ၊ အကြံညဏ်သစ်တွေ ရရှိနိုင်ပါတယ်။ ငါ့ အလုပ်အတွက် CEO အသစ် ၂ ယောက်ကို business trends မတူတဲ့ တခြားနေရာကနေ ခန့်ထားခဲ့ဖူးတယ်။ ရလဒ်ကတော့ သူတို့ ၂ ယောက်ဆီက မတူညီတဲ့ အတွေ့အကြုံအသစ်တွေနဲ့ ငါတို့ရဲ့ ပြိုင်ဘက်တွေက ဘယ်လို ရလဒ်ကောင်းတွေလုပ်ဆောင်နိုင်ပြီး၊ ဘယ်လို အရှုံးတွေတွေကို ကြုံတွေ့ခဲ့ဖူးလဲ ဆိုတာ ငါသိရှိခဲ့ရတယ်။

business တစ်ခုဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီဆိုရင်၊ လူတွေ တစ်ခုလိုက် အပြုံလိုက် ခန့်ရတော့မှာပါပဲ။ အဲ့ဒီအချိန်မှာ မင်း business ရဲ့ ယဉ်ကျေးမှုကလည်း အနည်းနဲ့ အများပျက်စီး လာနိုင်ပါတယ်။ အဲ့ဒီ အချိန်မှာ ဒီလို ဝန်ထုတ်ဝန်ပိုးတွေကို မင်းရဲ့ team တစ်ခုလုံးကို မထင်မှတ်ပဲ တာဝန်ယူခိုင်းမယ့် အစား သေသေချာချာ တာဝန်ယူနိုင်တဲ့ လူတစ်ယောက်ကို စိတ်ရှည်ရှည် သည်းခံပြီး ရှာသင့်ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ IoD Conference မှာ Funding Circle ရဲ့ CEO ပြောဖူးတဲ့ စကားကို ငါပြောပြချင်ပါတယ်။ ဒါကတော့ မင်းအနေနဲ့ အသုံးဝင်မယ့် လူတစ်ယောက်ကို ခန့်တော့မယ်၊ ဒါမှ မဟုတ် ဖြုတ်တော့မယ်ဆိုရင် သေချာ စဉ်းစားဖို့လိုပါတယ်။ ဒါကတော့ ဘာနဲ့ တူသလဲ ဆိုရင် “မင်း team ထဲမှာ ငတုံး တစ်ယောက် ရှိနေမယ့်အစား လူတစ်ယောက် လစ်လပ်နေတာကမှ ပိုကောင်းသေးတယ်” ဆိုတာပါပဲ

Posted by Richard Branson (Founder at Virgin Group)
Source : LinkedIn

Ref: www.hrjournalmyanmar.com

0 comments: