ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့
စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း
ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။
ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက်
ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို
့ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ
အဖြစ်ပြောင်းလဲနေပါပြီ။
ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ
့ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက်
ချိုချဉ်သကြားလုံးကို တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ
့ကြည်နူးဖွယ်ကောင်းခဲ့တဲ့ အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့
ကျွန်မခံစားချက်နဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ
့ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ
ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ
အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။
Friday, October 16, 2009 -
ဗိုလ်ချုပ်အောင်ဆန်း
0
comments
ဗိုလ်ချုပ်အောင်ဆန်း
0
comments
ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း
အင်တာနက်ပေါ်က ပုံပြင်တိုလေးများ
အောက်ကစာက အင်္ဂလန်နိုင်ငံ Westminsterမှာ မြေမြှုလ်သဂြိင်္ုဟ်ထားတဲ့ အင်္ဂလန် ခရစ်ယာန်အသင်းရဲ့ အကြီးအကဲအုတ်ဂူမှာ ရေးထိုးထားတဲ့စာဖြစ်ပါတယ်။ စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျွန်တော်ငယ်ရွယ်စဉ်က ကျန်းမာသန်စွမ်းပြီး ရည်ရွယ်ချက်ကြီးမားသူဖြစ်တယ်။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အိပ်မက်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်စိတ်ရှိခဲ့တယ်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ စာပေဗဟုသုတတွေ တိုးလာတာနဲ့အညီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ ကျွန်တော်မစွမ်းနိုင်ဘူးဆိုတာကို သိလာခဲ့တယ်။ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ရင် နိုင်ငံကိုပြောင်းလဲမယ်ဆိုပြီး ကျွန်တော့်အိပ်မက်ကို ကျွန်တော်ချုံ့လိုက်တယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်ကလည်း ကြီးလွန်းခဲ့ပြန်တယ်။

Subscribe to:
Comments (Atom)