မှတ်ချက်။ ။ကို luphone ဆီက ပိုလာဝက်ဝံပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
သူရေးထားတဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်နိုင်ပါတယ်။
==============================
ဘ၀တွေ.........ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး
တစ်ခုပါ.. အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း
သလဲဆိုတာ သူငယ်ချင်းတို့ သိကြလား.
အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့
ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့်
ပြီးထားကြတယ်..ဖျံသွေးတွေ အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို
ပိုလာဝက်ဝံတွေ နေတဲ့နေရာ မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့
အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့ ..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့
လျှာကိုဖြတ်မိတာ မသိကြပဲ ဆက်စားနေကြတယ်..ကြတော့
သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချ
ဝိုင်းသတ်ကြတာ..
အဲ့ဒီလိုပဲ နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်လာလုပ်....စီးပွားလာရှာတဲ့
လူတွေရဲ့ ဘ၀တွေ ဟာလည်း ဖျံသွေးနဲ့တူတဲ့ ပိုက်ဆံနောက်ကို တစ်ကောက်ကောက်
လိုက်ရင်း ဓားထက်ထက်နဲ့ တူတဲ့ ဝေးကွာခြင်း နဲ့ထိမိရှမိပြီး
မိဘ-မောင်နှမ-ချစ်သူ-ဆွေမျိုးသာ
ဝေးကွာခြင်းဆိုတာတွေနဲ့ အဆုံးသတ်ရမှာလားတဲ့..ငွေကြေးတွေ
ဘယ်လောက်ရနေပါစေ..ကိုယ့်မိဘ ဆွေမျိုးတွေနဲ့ ဝေးကွာပြီး အမြဲမနေပဲ အတူတကွ
ပျော်ရွှင်စွာ နေထိုင်နိုင်အောင် ကြိုးစားနိုင်ကြပါစေလို့
အဝေးရောက်သူငယ်ချင်း များ အတွက်။
ရေးသူ... ဗီလိန် At 9/07/2008 01:07:00 AM 0 ...သူတို့အမြင်...
စာအမျိုးအစား:... ပုံပြင်, မျှဝေခြင်း
လင်းယုန်ပုံပြင်
မှတ်ချက်။ ။ကို ရွာသာလေးဝိုင်တီယူ ဆီက လင်းယုန်ပုံပြင်ကို ထပ်ပြီးဝေမျှလိုက်တာပါ။
ကိုရွာသားလေးအညွှန်း။ ။ပြီးခဲ့တဲ့အပတ်က စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ကျနော်
ဒီစာကိုဖတ်ပြီးခွန်အားတွေရရှိခဲ
ကျနော့လို ခွန်အား ရရှိပါစေဗျာ။
ကိုရွာသားလေးရဲ့ မူရင်းကို ဒီနေရာ မှာဖတ်ကြည့်ပါ။
==============================
ဒီစာလေးကို ထုံးစံအတိုင်း forward email ကနေ ဒီနေ.ရလိုက်ပါတယ်။
ဖတ်ကြည့်ရင်းနဲ. အားလုံးနဲ. ကိုက်ညီမယ်ထင်လို. တင်ပေးလိုက်တာပါ။ စာရေးသူက
ပန်းအိမိုးပါတဲ့။ ဘယ်မှာပါမှန်းလည်းမသိသလို စာရေးသူဆီက
ခွင့်တောင်းဖို.လည်း ဆက်သွယ်စရာ လည်းမသိပြန်ဆိုတော့
ကျနော့ရဲ့ကူးယူဖြန်.ဝေမှုကို စာရေးသူသိရင်ခွင့်လွှတ်တန်ကောင်း
သိပ်ကောင်းတဲ့စာလေးဆိုတာ အားလုံးသိစေချင်လို.ပါဗျာ။
ဒီနေ. သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းမှာ video clip လေးတစ်ခု ကြည့်ခဲ့ရတယ်။
The Story Of Eagle "လင်းယုန်ပုံပြင်" တဲ့။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင်အသက်ရှင်နေထိုင်န
လင်းယုန်ဆိုတာ ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားပြင်းပြင်းပျံနိုင်တဲ့
ငှက်မျိုး။
လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၄၀ လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ
ကောင်းကောင်းမပျံနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ့ နှုတ်သီးဟာ
ကွေးလာပြီး ရင်ဘတ်ထိအောင် စိုက်ကျလာတယ်။ အတောင်ပံတွေဟာ
မခတ်နိုင်တော့လောက်အောင် လေးလာတယ်။ လက်သည်းတွေဟာ ရှည်လျားလာပြီး
အစာရှာဖို.ခက်လာမယ်။ အဲဒါဟာ လင်းယုန်တိုင်းပါပဲ။
အဲဒီမှာ ရွေးချယ်စရာ လမ်းနှစ်ခု ရှိတယ်။
တစ်ခုက ကောင်းကောင်းမပျံတော့ဘဲ သေပွဲဝင်ရမယ့် နေ.ကိုထိုင်စောင့်ဖို.။
နောက်တစ်ခုကတော့ ကျန်တဲ့သက်တမ်း ၃၈နှစ်ကို ကောင်းစွာပျံသန်းရင်း
အသက်ဆက်ရှင်သန်ဖို.။ အဲဆက်ပြီးရှင်သန်ဖို.ဆိုရင်တော့ ဖြစ်စဉ်တစ်ခုကို
အဖြစ်မနေဖြတ်သန်းရမယ်။ အဲဒီဖြစ်စဉ်နာမည်က Pain and Difficulites
"နာကျင်မှု နဲ့ အခက်အခဲ" ။
ပထမဆုံး ကျောက်တောင်ထိပ်ကြီးတွေပေါ်ကို ပျံသန်းသွားရမယ်။ အဲဒီ
ကျောက်တောင်ထိပ်ပေါ်ရောက်ရင် နှုတ်သီးကို ကျောက်သားနဲ.ဖဲ့ချိုးပစ်ရမယ်။
တစ်ခါနှုတ်သီး နဲ. လက်သည်းတွေကို ဆွဲခွာပြီးနှုတ်ပစ်ရမယ်။
ဘယ်လောက်များနာကျင်လိုက်လေမလဲ။ ဘယ်လောက်များ ခက်ခဲလိုက်လေမလဲ။
ကိုယ်တိုင်လုပ်ရတာ။ အသက်ရှင်ချင်သူကိုယ်တိုင်လုပ်မှ
ပြီးရင်တော့ ရက်အနည်းငယ်ကြာကြာ တောင်ထိပ်မှာနေပြီး လက်သည်းတွေ
နှုတ်သီးတွေ ပြန်အသစ်ထွက်ပြီး အသားကျလာတဲ့ အထိစောင့်ရတယ်။ ပြီးရင်တော့
အဲဒီလင်းယုန်ဟာ ကျန်တဲ့သက်တမ်း ၃၈ နှစ်ကို ရှင်သန်ခွင့်ရသွားပြီ။
ဒုတိယလမ်းကို ရွေးချယ်ကြတဲ့လင်းယုန်တွေအမျာြး
ကျွန်မတို.ကလူသားတွေပါ။ ငှက်တွေတောင် အကျိုးစီးပွား
တစ်ခုအတွက်နာကျင်မှုနဲ့ အခက်အခဲဆိုတဲ့ဖြစ်စဉ်တစ်ခုကို ကျော်နိုင်သေးရင်
ကျွန်မတို.လို လူသားတွေက ရည်မှန်းချက်ပန်းတိုင်တွေ အရောက်သွားဖို.
ဆက်လက်ရှင်သန်နေဖို. "နာကျင်မှု နဲ့ အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကို မဖြစ်မနေ
ရင်ဆိုင်ရဲရမှာပေါ့။
ကျွန်မတို. လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားဖို. တစ်ခါတစ်ရံ
ကျွန်မတို.တစ်တွေ အရမ်းနာကျင် ကြရမယ်။ အခက်အခဲတွေ
မရေမတွက်နိုင်အောင်ကျော်ဖြတ်ြ
"နာကျင်မှု နဲ့ အခက်အခဲ" ဆိုတဲ့ဖြစ်စဉ်ကို ကျွန်မတို.
အတူတူဖြတ်ကျော်ကြရအောင်ပါလေ။
ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံးကျန်တဲ့သက်တမ်
ရှင်သန်ရဦးမှာမို့ပေါ့။ ကျွန်မတို့တွေဟာ လက်မြှောက်အရှုံးပေးကြမယ့်သူတွေ
မဟုတ်လို့ပေါ့။
0 comments:
Post a Comment