တစ်ခါတုန်းက ပညာရှိကြီးတစ်ဦးက ဟောပြောတဲ့ခန်းမတစ်ခုအတွင်းမှာ နားထောင်နေတဲ့ ပရိတ်သတ်ကို ဟာသ တစ်ခုပြောနေတယ် ။
နားထောင်သူတွေအကုန်လုံးက ကျယ်လောင်စွာ အားလုံး ရယ်မောလိုက်ကြတယ် ။
ရယ်မောသံတွေ တိတ်သွားတဲ့အခါ သူက အဲဒီဟာသကိုပဲ ထပ်ပြောတယ် ။ အဲဒီအချိန်မှာ လိုက်ပြီးရယ်မောတဲ့သူအနည်းငယ်ပဲရှိခဲ့တယ် ။
နောက်တစ်ကြိမ် ပညာရှိကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ။
အဲဒီအခါမှာတော့ ခန်းမတစ်ခုလုံးမှာ ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ပါဘူး ။
ပညာရှိကြီးကပြုံးပြီးပြောတယ် ။
“ ခင်ဗျားတို့ ဟာ သတစ်ခုကို
ကြားတဲ့အခါ ပထမအကြိမ်ရယ်မောကြတယ် ဒုတိယနဲ့ တတိယအကြိမ်တွေ ထပ်ခါထပ်ခါ
ကြားရတဲ့အခါ မရယ်ကြတော့ဘူး ဟာသကိုတောင် ထပ်ခါ ထပ်ခါ မရယ်မောချင်ကြတဲ့
ခင်ဗျားတို့ဟာ ၀မ်းနည်းစရာကိစ္စတွေကိုရော ဘာကြောင့် ထပ်ခါထပ်ခါ
ငိုကြွေးနေကြမလဲ ”
@@@@@@@@@@@@@@@@@@@@@@@@@@2
လောကကြီးမှာ ဖြစ်ပျက်တဲ့ကိစ္စတွေက တစ်ကြိမ်တစ်ခါမှာပဲ ပျော်ဖို့ကောင်းသလို
မျက်ရည်ကျဖို့ကောင်းတယ် ။ တစ်ကြိမ်ထက်ပိုပြီး ဖြစ်ပျက်တဲ့ကိစ္စမှန်သမျှ မှာ
ဝမ်းနည်းစရာမရှိသလို ပျော်ရွှင်စရာလည်းမရှိတော့ဘူး ။
ဝမ်းနည်းပူဆွေးးစရာတွေကို ပစ္စုပ္ပန်ကို သယ်ဆောင်မလာပါနဲ့ ။ ဖြစ်ပြီးခဲ့တဲ့
ပူလောင်သောကတွေကို ဖြစ်ပျက်ခဲ့တဲ့အချိန်အခိုက်အတန့်လေးမှာပဲ အားပါးတရ
ငိုကြွေးပြီး ထားခဲ့လိုက်ပါ ။
ယခုလက်ရှိ အချိန်ထိ
သယ်ဆောင်မလာပါနဲ့ ။ အလားတူပဲ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကိုလည်း
ယခုအချိန်ထိ သယ်ဆောင်မလာပါနဲ့ ။ ကျွန်တော်တို့အားလုံးမှာ မနက်ဖြန်အတွက်
လုပ်စရာတွေ အများကြီးရှိသေးတယ်မဟုတ်လား ။
သက်တန့်ချို
တိုတိုထွာထွာ ဘာသာပြန်သည် ။
source: https://www.facebook.com/pages/pages/သက်တန်ချို
Tuesday, May 22, 2012 -
နှလုံးသား အာဟာရ
0
comments
မနက်ဖြန်အတွက် လုပ်စရာတွေရှိသေး...
Monday, May 21, 2012 -
ကဗျာများ
0
comments
ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက်
သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
' စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။
အဲဒီစကားကို ထပ်လောင်း
အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။
Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။
Thursday, May 3, 2012 -
နှလုံးသား အာဟာရ
0
comments
ကျွန်ဖတ်ဖို့ (၃၆)
(၁)
အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူး။ သူတစ်ပါးကို မျက်စိစုံမှိတ်အားကျတယ်၊ မျက်စိစုံမှိတ် လိုချင်တောင့်တတယ်။ ပျော်ရွှင်ခြင်းကို ကိုယ့်အနားကနေ ပုခုံးချင်းတိုက်ဖြတ်ကျော်စေကြတယ်။
တကယ်တော့ ဘယ်လိုအခြေအနေမှာပဲ ရှင်သန်ရှင်သန်.... ဖြောင့်မှန်တဲ့ စိတ်နှလုံးတစ်စုံရှိမယ်။ ရောင့်ရဲ့တင့်တိမ်တတ်မယ်၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝကပျော်ရွှင်ပါတယ်။
ပျော်ရွှင်ခြင်းဆိုတာ သင့်မှာပိုင်ဆိုင်မှု ဘယ်လောက်များတယ်။ ရာထူးဂုဏ်အရှိန် ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ တိုင်းတာ,တာမဟုတ်ပါဘူး။
လူတွေနဲ့ သင့်မြတ်အောင်ပေါင်းတယ်၊ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်ရှိတယ်၊ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိရင် လူကိုပျော်ရွှင်စေပါတယ်။

Subscribe to:
Posts (Atom)